28 C
Yangon

အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်းအပေးအယူပြုလုပ်မှုများသည် တရားမဝင်ကြောင်းနှင့် အသိအမှတ်ပြုမည် မဟုတ်ဟု NUG ထုတ်ပြန်ကြေညာ

Must read

ရန်ကုန်၊ ဇွန် ၁

အကြမ်းဖက်စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများသည် တရားမဝင်ကြောင်းနှင့် အသိအမှတ်ပြု လက်ခံခြင်းရှိမည် မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ယနေ့ ဇွန်လ ၁ ရက်တွင် အသိပေးထုတ်ပြန် ကြေညာလိုက်သည်။

NUG ၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မူလပိုင်ရှင်ဖြစ်သည့် ပြည်သူလူထုထံမှ မတရားသဖြင့် လုယူရန် ကြိုးစားနေသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်းနှင့် ၎င်းတို့ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုများအတွက် ကမ္ဘာ့တရားခွင်တွင် ပြစ်ဒဏ်ချမှတ်ခံရမည်ဟု ဖော်ပြသည်။

စစ်ကောင်စီသည် ပြည်သူလူထုထံမှ တိုက်ရိုက်ဆင်းသက် အပ်နှင်းထားသော တရားဝင်အုပ်ချုပ်ခွင့်အာဏာ (de jure power) မရှိသည့်အပြင် တိုင်းပြည်ကို လက်တွေ့ကျကျ နိုင်နင်းစွာအုပ်ချုပ်နိုင်သော အခွင့်အာဏာ (de facto power) လည်း လုံးဝမရှိသည့် တရားမဝင်အဖွဲ့အစည်းဖြစ်သည်ဟု NUG က ဆိုသည်။

နိုင်ငံတော်၏ စစ်မှန်သော အချုပ်အခြာအာဏာသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲမှတဆင့် ပြည်သူလူထုက တရားဝင်အာဏာအပ်နှင်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ၌သာ တည်ကြောင်း၊ ၂၀၂၁ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် စစ်ကောင်စီအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြောညာခဲ့ပြီးဖြစ်ကြောင်း ရေးသားဖော်ပြသည်။

ယနေ့ ထုတ်ပြန်ကြေညာချက်တွင် အချက် ၇ ချက်ပါဝင်ပြီး NCA စာချုပ်သည် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား ချုပ်ဆိုခဲ့သည့် သဘောတူညီမှုဖြစ်ကြောင်း၊ စစ်ကောင်စီသည် အဆိုပါ စာချုပ်ဝင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူ ပြုနိုင်ခွင့် အလျဉ်းမရှိကြောင်း၊ စစ်ကောင်စီနှင့် ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုမှန်သမျှသည် တရားမဝင်ကြောင်းနှင့် ထိုဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများကို NUG နှင့် ယင်းအားဆက်ခံသော မည်သည့်အစိုးရကမျှ အသိအမှတ်ပြုလက်ခံခြင်းရှိမည်မဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article