30 C
Yangon

ကန့်ဘလူမြို့နယ်၊ အင်ငုတ္တိုရွာနှင့် ပင့်သာရွာကို အကြမ်းဖက်စစ်ကောင်စီ လက်နက်ကြီးငယ် ပစ်ခတ်ကာ ဝင်ရောက်မီးရှိုမှုကြောင့် နေအိမ် ၅၀ ဝန်းကျင် မီးလောင်ပြာကျ

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်း​၊ ကန့်ဘလူမြို့နယ်​မြောက်ခြမ်းကို စစ်​ကြောင်းထိုး​နေ​သော အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၁၆ ရက်နေ့တွင် အင်ငုတ္တိုရွာကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် ဝင်ရောက်တပ်စွဲကာ မီးရှိူ့ခဲ့ပြီး နေအိမ် ၂၀ ဝန်းကျင် မီးလောင်ပြာကျသွားကြောင်း၊ ဩဂုတ်လ ၁၇ ရက်​နေ့တွင်လည်း ပင့်သာ(တည်ပင်)ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်တပ်စွဲခဲ့ပြီး မီးရှို့ခဲ့​သော​ကြောင့် ​နေအိမ် ၃၀ ဝန်းကျင် ပြာကျခဲ့ကာ နွား သုံးကောင် လက်နက်ကြီးထိမှန် ​သေဆုံးခဲ့​ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ပင့်သာရွာကို ၁၇ ရက် နေ့လယ်ကနေ ည ၉ နာရီခွဲ အထိ မီးရှို့တယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခတ်သစ်သို့ ပြောကြားသည်။

အင်ငုတ္တိုရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ်​မြောက် ဝင်​ရောက်မီးရှို့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၂၉ ရက်​နေ့တွင်လည်း အကြမ်းဖက်စစ်​ကောင်စီနှင့် ပျူစောထီးပူး​ပေါင်းအဖွဲ့မှ ဝင်​ရောက်မီးရှို့ဖျက်စီးခဲ့သည့်အတွက် အိမ်မွေတိရစ္ဆာန်များ သေဆုံးကာ နေအိမ် ၁၂၅ လုံးနှင့် စပါးကျီများ ပြာကျခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီများ ဝင်ရောက်စဉ်ကျေးရွာ​ထဲတွင် ပိတ်မိ​နေ​သော အင်ငုတ္တိုရွာမှ ပြည်သူ ၂ ဦး နှင့် ပင့်သာရွာမှ ပြည်သူ ၄ ဦးအား စစ်အုပ်စုမှဖမ်းဆီးခဲ့ကာ ပင့်သာရွာမှ ဖမ်းဆီးခံပြည်သူ ၄ ဦးအား ၁၇ ရက်​နေ့က တ​နေကုန် နေပူလှမ်းထားကာ ရိုက်နှက်ခဲ့ပြီး အသက် ၆၀ အရွယ် ဦးပွကြီးကိုမူ အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့သတ်ခဲ့ပြီး ကျန်သူများကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်သည် ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပင့်သာ–ကျွန်းလှ ကားလမ်းပိုင်းရှိ ချောင်းကြားရွာသို့ ထပ်မံဝင်ရောက်တပ်စွဲနေကာ ကျွန်းလှနှင့်ပေကုန်း(တ)ရွာတို့မှ ပျူစောထီးအင်အား ၅၀ ဝန်းကျင်ပါ ချောင်းကြားရွာသို့ ထပ်မံအင်အားဖြည့်တင်းထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article