28 C
Yangon

LDU နာမည်အသုံးချကာ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်သည့် ကျာဆော်လမွန်အဖွဲ့သည် လားဟူပြည်သူများကို ကိုယ်စားမပြုဟု ထုတ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

စစ်ကောင်စီ၏ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်သည့် ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့သည် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၏ အမည်နာမကို အလွဲသုံးစားလုပ်ခြင်းသာဖြစ်ပြီး လားဟူပြည်သူလူထုကို ကိုယ်စားမပြုဟု LDU ဥက္ကဋ္ဌ ကျာဟားက ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် LDU နာမည်ကို အလွဲသုံးစား မလုပ်ရန် အကြိမ်ကြိမ် သတိပေးထုတ်ပြန်ပြီးဖြစ်သော်လည်း ကျာဆော်လမွန် ဦးဆောင်သော အဖွဲ့အနေဖြင့် ထပ်မံ အသုံးပြုလာသည့်အတွက် ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ကြောင်း ဖော်ပြသည်။

LDU အနေဖြင့် လားဟူလူမျိုးအတွက် တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိနိုင်စေရေးအတွက် အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းလက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း LDU ဥက္ကဋ္ဌ ကျာဟားက ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင် ကမ်းလှမ်းသည့် ပထမအကြိမ်ဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ဟု LDU ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌက ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အတွင်းရေးမှူး ကျာဆော်လမွန်နှင့် အဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့တွင် နေပြည်တော်၌ စစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ကျာဆော်လမွန်သည် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး LDU ကို ပြန်လည်ဖွဲ့စည်းကြောင်း ဇူလိုင်လ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်မှာ တရားမဝင်ကြောင်း ကျာဟားက ပြန်လည် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article