32 C
Yangon

ရခိုင်တွင် အကြမ်းဖက် စစ်ကောင်စီက စစ်အင်အားဖြည့်တည်းနေ၍ AA က အရေးပေါ် ကြေညာ၊ ခရီးသွားလာမှုများ သတင်းပို့ ကြရန် တိုက်တွန်း

Must read

ရန်ကုန်၊ စက်တင်ဘာလ ၁၄

ရခိုင်ပြည်နယ်အတွင်း တပ်စခန်းများ ဆုံးရှုးထားသည့် အာဏာသိမ်းစစ်ကောင် စီတပ်က အရပ်ဘက်သုံးယာဉ်များကိုပါသုံး၍ အင်အားဖြည့်တင်းလာသည်ကို တွေ့ရသည့်အတွက် ရက္ခိုင့်တပ်တော် -AA က ကုန်လမ်း၊ ရေလမ်းယာဉ်များကို စစ်ဆေးတော့မည်ဟု အရေးပေါ် ကြေညာချက် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က တပ်စခန်းများ ဆုံးရှုးထား၍ လေယာဉ်၊ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် ခရီးသွားလာသူများအနေဖြင့် သတင်းပေးပို့ ခရီးသွားကြရန် AA က တိုက်တွန်း နှိုးဆော်ထားသည်။

ရက္ခိုင့်တပ်တော် အနေဖြင့် ကုန်လမ်း၊ ရေလမ်းသွားလာမှု ယာဉ်များအား စစ်ရေးအခြေအနေအရ ရပ်တန့်စစ်ဆေးမည်ဖြစ်ကြောင်း၊ ဒေသဆိုင်ရာ ကုန်လမ်း ရေလမ်း သယ်ယူပို့ဆောင်ရေးယာဉ်များ အားလုံး ULA/AA တာဝန်ရှိသူများထံ ကြိုတင် သတင်းပေးပို့ သွားလာကြရန် အရေးပေါ် ကြေညာထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article