36 C
Yangon

ဆားတောင်ကြီးကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကို ပစ်ခတ် ခဲ့သော GZ Special Task Force တပ်မှ ရဲဘော် ၄ ဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

Must read

ဆားတောင်ကြီးကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်ကို ပစ်ခတ် ခဲ့သော GZ Special Task Force တပ်မှ ရဲဘော် ၄ ဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးကျေးရွာမှ ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့(ပကဖ) ခေါင်းဆောင်တစ်ဦးအား ချောင်း မြောင်း ပစ်ခတ် လုပ်ကြံသူ ၄ ဦးကို NUG ရဲတပ်ဖွဲ့က ဖမ်းဆီးရေးယူထားကြောင်း သက်ဆိုင်ရာက တရား ဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဝက်လက်မြို့နယ်၊ ဆား တောင် ကြီးကျေးရွာတွင် ကျေး ရွာ ပကဖ ခေါင်းဆောင် တစ်ဦး ဆိုင်ကယ် စီးနင်းလာစဉ် လက်နက်ကိုင် လူ ၂ ဦးက မောင်းပြန် သေနတ် ဖြင့် အချက် ၂၀ ခန့် ပစ်ခတ် လုပ်ကြံခဲ့ရာ ပကဖခေါင်းဆောင်မှာ ဘယ်ပေါင်ကျည်ထိုးဖောက် ဒဏ်ရာ ရရှိပြီး ဆိုင်ကယ်တွင် လက်နက်ကျည်အချက်ပေါင်းများစွာ ထိမှန်ခဲ့ ကြောင်း သိရသည်။

ထိုသို့ လုပ်ကြံခံရမှုကို ပကဖခေါင်းဆောင်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဝက်လက်မြို့နယ် NUG ပြည်သူ့ရဲတပ်ဖွဲ့ သို့ အမှုဖွင့်တိုင်ကြားခဲ့ရာ ပြည်သူ့ ရဲတပ်ဖွဲ့မှ မြေပြင်ကွင်းဆင်း စုံစမ်းစစ်ဆေးခဲ့ပြီး မျက်မြင် သက်သေ များ၏ ထွက်ဆိုချက်များအရ GZ Special Task Force မှ သူများ ဖြစ်ကြောင်း သိရှိရ သဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာမှန်ကန်စွာထွက်ဆိုခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ ၂ ဦး၊ ပူးပေါင်း ပါဝင်သူ ၂ ဦး နှင့် ဦးဆောင် ညွှန်ကြားသူတစ်ဦးကို သက်သေ အထောက် အထား ခိုင်လုံစွာဖြင့်ဖော်ထုတ်နိုင်ခဲ့ ကြောင်း သိရသည်။

GZ Special Task Force မှ ရဲဘော်များသည် တော်လှန်ရေးတွင် တက်ကြွစွာ ပါဝင်ခဲ့သူများ ဖြစ်ပြီး ၎င်း တို့၏ မှားယွင်းမှုကို သိရှိကြပြီးဖြစ်သဖြင့် ပြစ်မှုကျူး လွန်ရာတွင် တိုက်ရိုက် ပါဝင်ပက်သက်မှု မရှိသူ ၁၀ ဦးကို အာမခံ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး နောက်ထပ် ၄ ဦးကိုလည်း အာမခံဖြင့် ဆက်လက် လွှတ်ပေး ရန် စီစဉ်ထားကြောင်းနှင့် ပြစ်မှုကျူးလွန်သူ ၂ ဦး၊ ပူးပေါင်းပါဝင်သူ ၂ ဦးနှင့် ဦးဆောင်ညွှန်ကြားသူ တစ်ဦးတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၇/၁၁၄ ဖြင့် တရားရုံးသို့ ရုံးတင်၍ ဥပဒေနှင့် အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါစစ်ဆေးရာတွင် GZ Special Task Force မှ ၁၈ ဦးအား ရဲလုပ်ထုံးလုပ် နည်းနှင့်အညီ စစ်ဆေး မေးမြန်းခဲ့ခြင်းဖြစ်ပြီး ပြည်သူရဲတပ်ဖွဲ့မှ စစ်ဆေးနေ စဉ် မြို့နယ် ပကဖနှင့် PDF တပ်ရင်း ၂ တို့မှ လုံခြုံ ရေး တာဝန်ယူ ဆောင်ရွက် ပေးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် တချို့ မီဒီယာများက ဖော်ပြနေသကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များ အကြား ပွတ်တိုက် မှုပြသနာမဟုတ်ဘဲ ရာဇဝတ်မှု ကျူး လွန် သူ နှင့် တရားဥပဒေစိုးမိုးရေး ပြဿနာတစ်ခုသာဖြစ်ကြောင်း သက် ဆိုင် ရာက တရားဝင် အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article