33 C
Yangon

ဂန့်ဂေါတွင် ခလရ ၅၀ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရင်း PDF နှစ်ဦးကျဆုံး၊ စစ်သား ၄ ဦးသေဆုံး

Must read

ဂန့်ဂေါတွင် ခလရ ၅၀ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ရင်း PDF နှစ်ဦးကျဆုံး၊ စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မတ် ၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းနောက်သို့ လိုက်လံ တိုက်ခိုက်ရင်း ပကဖ နဂါးညီနောင်အဖွဲ့ ခေါင်းဆောင် ဦးဇော်ဇော်နှင့် ရဲဘော်ပြည့်ဖြိုးမင်း(ခ)မိုးမျှော် တို့နှစ်ဦးကျဆုံးခဲ့ရပြီး အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပကဖနဂါးညီနောင်တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁ ရက်နေ့တွင် ဂန့်ဂေါမြို့၊ ခလရ ၅၀ တပ်မှ ထွက်လာသော အကြမ်းဖက်စစ်သားများသည် မင်းရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လိုက်လံတိုက်ခိုက် ချောင်းတိုက်ခိုက်ရာ မင်းရွာရဲစခန်းချတပ်စွဲနေထိုင်စဉ် ထန်းရည်ခိုးပြီးပြန်လာသော အကြမ်းဖက် စစ်သားနှစ်ဦး ကို ရိုသုန် -CDF ၊ ပကဖ နဂါး ညီနောင်၊ YPDF ၊ KKG တပ်ရင်း ၅ ၊ YDF တပ်ရင်း ၁၄ ၊ အနီရောင်တိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်းတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦးနေရာတွင် သေဆုံးသွားပြီး ကျန်တစ်ဦးမှာ မင်းရွာရဲစခန်းအရောက် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းသည် မတ်လ ၂ ရက်နေ့တွင် မင်းရွာရဲစခန်းမှ ဂန့်ဂေါမြို့နယ်ဘက်သို့ ပြန်ထွက်လာရာ ပကဖ နဂါးညီနောင်တပ်ဖွဲ့ဝင်များမှ လိုက်လံတိုက်ခိုက်စဉ် ပကဖ နဂါးညီနောင်အဖွဲ့ ခေါင်းဆောင် ဦးဇော်ဇော်နှင့် ရဲဘော်ပြည့်ဖြိုးမင်း(ခ)မိုးမျှော်တို့နှစ်ဦးသည် လမ်းဖြတ်ကူးစဉ် အကြမ်း ဖက်စစ်သားများနှင့် ထိပ်တိုက်တွေ့ဆုံပြီး အပြန်အလှန်ပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး စလုံးကျဆုံးပြီး အကြမ်းဖက်စစ်သား ၂ ဦးလဲသေဆုံးခဲ့ကြောင်း သိရသည်။

“ခလရ ၅၀ က ဂန့်ဂေါကနေ မင်းရွာကို စစ်ကြောင်းထိုးနေတာ တစ်ပတ်ကျော်ပြီ၊ မင်းရွာကနေ ဂန့်ဂေါ ကိုအပြန်မှာ ပကဖနဂါးညီနောင်က စစ်ကြောင်းနောက်ကို လိုက်ခဲ့ကြတာ၊ အဲဒီစစ်ကြောင်းက နှစ် ကြောင်းဖြစ်ပြီး နောက်ကအဖွဲ့နဲ့တွေ့လို့ ပိတ်မိခဲ့တာ၊ ကျန်အဖွဲ့တွေက ခေါက်ခူရွာထဲဆိုင်ကယ် ဆီ ဖြည့်ရင်း ကျန်ခဲ့တာ၊ ဦးဇော်နဲ့ ရဲဘော်ပြည့်ဖြိုးမင်းက အရင်ရှေ့ကလိုက်သွားတာပါ၊ သူ့နှစ်ယောက်ပဲ ထိပ်တိုက်တွေ့ပြီး ခံလိုက်ရတာ” ဟု ပကဖ နဂါးညီနောင်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

Photo – တိုက်ပွဲအတွင်းကျဆုံးသွားသော နဂါးညီနောင်ပကဖခေါင်းဆောင် ဦးဇော်ဇော်နှင့် ရဲဘော် ပြည်ဖြိုးမင်း(ခ)မိုးမျှော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article