29 C
Yangon

မုံရွာမြို့နယ်အတွင်း စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ကျေးရွာများ ပြန်လည်ထူထောင်ရေး “အညာဒေသအတွက် နှမ်းတစ်စေ့” ကမ်ပိန်း ပြုလုပ်မည်

Must read

မုံရွာမြို့နယ်အတွင်း စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ကျေးရွာများ ပြန်လည်ထူထောင်ရေး “အညာဒေသအတွက် နှမ်းတစ်စေ့” ကမ်ပိန်း ပြုလုပ်မည်

ရန်ကုန်၊ မတ် ၂၂

မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ကျေးရွာများ ပြည်လည် ထူထောင်ရေး “အညာဒေသအတွက် နှမ်းတစ်စေ့” ကမ်ပိန်း ပြုလုပ်မည်ဖြစ်​ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ကမ်းပိန်းဖြင့် မတ်လ ၁၅ ရက်နေ့က အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မုံရွာ-အမြင့်လမ်းဘေးရှိ ထနောင်းတော တောင်နှင့် မြောက်ရွာမှ မီးဘေးသင့် ပြည်သူများကို စတင်ထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်း ကမ်းပိန်းကို မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့သားများနှင့် We Are People အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်​ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ အလှူရှင်များ၊ ပြည်ပရှိ အလှူရှင်များ အ​နေဖြင့် “အညာဒေသ အတွက် နှမ်းတစ်စေ့ကမ်ပိန်း” တွင် မြန်မာငွေ ၁၀၀၀ ကျပ်မှ စတင်၍ လာရောက် လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားသည်။

” ကမ်ပိန်းက ၃ လတိတိ ပြုလုပ်မှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Target က အိမ်ထောင်စု များတဲ့ အတွက် သိန်း ၁၀၀ သတ်မှတ်ထားပါတယ်။ မိဘပြည်သူများရဲ့ ကူညီလှူဒါန်းပေးမှုရမှ ထူထောင်ရေး လုပ်နိုင်မှာပါ အဓိက လိုအပ်တာကတော့ နေထိုင်စရာတဲပါ။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ကမ်ပိန်းအမြန်ပြည့်ရင်တော့ ယာယီ​တဲဆောက်ပေးဖို့ပါ။ တဲဆောက်တာမမှီတော့ရင်လည်း လိုရာသုံးဖို့ ငွေသားချည်းပြန်လည် လှူဒါန်းသွားမှာပါ​။ ယာယီတဲတစ်လုံးကို ခုနေ ခန့်မှန်းခြေ ၃သိန်းနဲ့အထက်ကျမှာပါ။ ဆန်၊ ဆီ တွေလည်းလှူဒါန်းဖို့လျာထား ထားပါတယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article