33 C
Yangon

အမေရိကန် Columbia University၊ Teachers College က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အထူးဖိတ်ကြား၍ မြန်မာ့ နိုင်ငံရေး ဆွေးနွေး

Must read

အမေရိကန် Columbia University၊ Teachers College က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အထူးဖိတ်ကြား၍ မြန်မာ့ နိုင်ငံရေး ဆွေးနွေး

ရန်ကုန်၊ မတ် ၁

အမေရိကန်​နိုင်ငံ၊ နယူးယောက်မြို့ရှိ Columbia University၊ Teachers College က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် သံ အမတ်ကြီး ဦးကျော်မိုးထွန်းကို အထူးဖိတ်ကြား၍ မြန်မာ့ နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲကို Columbia University , Teachers College မှ Professor Doctor Judy Kuriansky နှင့် PhD Graduate ကျောင်းသားများ Master Degree ကျောင်းသားများက အထူး ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် မြန်မာပြည် စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လူ့အခွင့်ရေးချိုးဖောက်ခံရမှုများနှင့် အတူ စိတ်ကျန်းမာရေးထိခိုက်ခံခဲ့ရသော မြန်မာပြည်သူပြည်သားများအတွက် အဓိကဆွေးနွေးခဲ့ကြောင်း၊ထို့ပြင် အမျိုးသမီးနှင့် ကလေးငယ်များ ဖမ်းဆီး နှိပ်စက် ခံရမှုဖြစ်စဉ်များ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှုများ၊ ပြန်လည် ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ စစ်ပြေးဒုက္ခသည်များအရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံမှုများအတွက် သံတမန်ရေးရာနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုစသည်တို့ကို မေးခွန်းများ အပြန်အလှန် မေးမြန်းကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့​၏ အခန်းကဏ္ဍ နှင့် ရပ်တည်ချက်များကိုလည်း ဆွေးနွေးခဲ့ကြောင်း၊ ပါဝင်တက်ရောက်ခဲ့ကြသူများသည် မဟာတန်းနှင် ပါရဂူဘွဲ့ ကျောင်းသားကျောင်းသူများဖြစ်ကြောင်း၊ USA၊ Bangladesh၊ China၊ Egypt၊ Ethiopia၊ France၊ India၊ Israel၊ Kuwait၊ Nigeria and Pakistan နိုင်ငံတို့မှ ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာ နှိုင်းယှဉ်ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးတို့ကိုပညာသင်ကြားနေကြကာ မြန်မာ့အရေးကို အထူးစိတ်ဝင်စားကာ ဆွေးနွေးမေးမြန်းခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article