28 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းကို MRDA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦး သေသွားတယ်လို့ ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

– မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်း-ဂန့်ဂေါလမ်းပိုင်းကကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ယော Revolution Army- ထီးလင်းမှ သခင်ဇော်က ပြောပါတယ်။

– အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်နိုင်ရန်အတွက် ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article