36 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၉ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မတ်လ ၄ ရက်နေ့က ဒို့ညီနောင် ကားမှောက်မှုအတွင်း သေသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ်ကြီး ဇော်ဝင်းထိန် ဆိုသူဟာ ဒေါ်အောင်ဆန်းစုကြည်ကို သေနတ် နဲ့ ချိန်ခဲ့သူ ဗိုလ်ကြီးဟောင်း မြင့်ဦးရဲ့ သားမက်ဖြစ်တယ်လို့ သိရပါတယ်။

– ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကိန်းကန်းကုန်းကျေးရွာ နဲ့ စခီဟာကျေးရွာအကြားမှာ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်း နဲ့ CDF ပလက်ဝတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၅ ဦးသေပြီး ၊ ၁၁ ဦးဒဏ်ရာ ရသွားတယ်လို့ CDF ပလက်၀ ကနေ သတင်းထုတ်ပြန်ထားပါတယ်။

– ချင်းပြည်နယ်ဘက်ကို ဒီကနေ့ မတ်လ ၉ ရက်နေ့ မနက်ပိုင်းက ကလေးမြို့ကနေ ကားအစီးရေ ၃၀ ကျော်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုဟာ ရိက္ခာတွေ တင်ဆောင် ထွက်ခွာသွား တယ်လို့ ဒေသခံ ပြည်သူတွေက ပြောတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article