26 C
Yangon

ကန့်ဘလူ မှ ပြည်သူ ၁၀၀ ကျော်သေဆုံးမှုတွင် ပိုင်းလော့ ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့၊ Yak-130 တိုက်လေယာဉ် အုပ်မှူး ဗိုလ်မှူး ရဲဇောနိုင် က ကြီးကြပ်ခဲ့

Must read

ကန့်ဘလူ မှ ပြည်သူ ၁၀၀ ကျော်သေဆုံးမှုတွင် ပိုင်းလော့ ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့၊ Yak-130 တိုက်လေယာဉ် အုပ်မှူး ဗိုလ်မှူး ရဲဇောနိုင် က ကြီးကြပ်ခဲ့

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ ၁၀၀ ကျော် သေ ဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီလေတပ်မှ ပိုင်းလော့ ဗိုလ်ကြီး သန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်သော Yak-130 လေယာဉ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုး အစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက် Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။

တံတာဦးလေတပ်မှ Yak -130 လေယာဉ်အုပ်မှူး ဗိုလ်မှူးရဲဇော်နိုင်က ကြီးကြပ်၍ ဗိုလ်ကြီးသန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့ မောင်းနှင် သော Yak-130 တိုက်လေယာဉ်က ပြည်သူ ၁၀၀ ကျော် သေဆုံးစေရန် ဗုံးကျဲချခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် ထပ်မံ၍ ဗုံးကျဲခဲ့သော အနောက်မြောက် တိုင်း စစ်ဌာနချုပ်မှ Mi35 ရဟတ်ယာဉ်မောင်း၏ အမည်ကို ဆက်လက် စုံစမ်း နေဆဲဖြစ်သည်။

တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-ဗိုလ်မှူး ရဲဇော်နိုင်ဖြစ်ပြီး ကချင်ပြည်နယ်၊ ဖားကန့်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ လူပေါင်းရာချီသေဆုံးခဲ့သော လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကို တိုက်ခိုက်ဆောင်ရွက်ခဲ့သော စစ်လေယာဉ်မောင်း ပိုင်းလော့ အမှတ် ၆၂ တိုက်ခိုက်ရေးအုပ်မှူးအဖွဲ့မှ ဖြစ်ကြောင်း ၊ ဧပြီလ ၁၁ ရက်နေ့ ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို ဗုံးကျဲ သတ်ဖြတ်ခဲ့သော Yak -130 လေယာဉ်အုပ်မှာလည်း ဗိုလ်မှူး ရဲဇော်နိုင် ဦးစီးသော ပျံသန်းတိုက်ခိုက် ရေး လေယာဉ်အုပ်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article