30 C
Yangon

စစ်ကောင်စီ ဝန်ထမ်းများအားလုံး သင်္ကြန်ကာလ နေ့စဉ် ရေကစားမဏ္ဍပ်တွင် လာရောက် ပျော်ပါးရမည်ဖြစ်ပြီး အရက်စတုဒီသာများ စီစဉ်ထားမည်ဟုဆို

Must read

စစ်ကောင်စီ ဝန်ထမ်းများအားလုံး သင်္ကြန်ကာလ နေ့စဉ် ရေကစားမဏ္ဍပ်တွင် လာရောက် ပျော်ပါးရမည်ဖြစ်ပြီး အရက်စတုဒီသာများ စီစဉ်ထားမည်ဟုဆို

ရန်ကုန်၊ ဧပြီ ၁၂

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၁၃ ရက်နေ့ စတင်မည့် သင်္ကြန် ကာလ အတွက် ဝန်ထမ်းများအားလုံး နေ့စဉ် မြို့နယ် ရေကစားမဏ္ဍပ်များတွင် လာ ရောက် ပျော်ပါး ရေကစားရမည်ဖြစ်ပြီး အရက်စတုဒီသာများလည်း စီစဉ် ထားမည်ဖြစ်ကြောင်း ရန်ကုန်ဝန်ထမ်းများက ပြောသည်။

“သက်ဆိုင်ရာ မြို့နယ်အလိုက် ရေကစားမဏ္ဍပ်တွေရှိတယ်။ နောက်ပြီး ပြည်သူ့ ရင်ပြင်မှာလည်း ရေကစားမဏ္ဍပ်ရှိတယ်။ အဲဒီအတွက် နေ့စဉ် ဌာနအလိုက် ၂ ဦး အလှည့်ကျလွှတ်ရမယ်။ နောက်ပြီး ရေကစားမဏ္ဍပ်တွေမှာ အရက် ဘီယာ အ၀သောက် စီစဉ်ထားတယ်။ အရက်စတုဒီသာ စီစဉ်ထားမယ်ပြောတယ်။ ကြို/ပို့ကားတွေလည်း စီစဉ်ထားတယ်ဆိုပြီး ခေါ်နေတာ” ဟု ရန်ကုန် ဝန်ထမ်း တစ်ဦးက ပြောသည်။

ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဌာနများအနေဖြင့် ဝန်ထမ်း ၂ ဦးကျ ရေကစားမဏ္ဍပ်များသို့ မဖြစ်မနေ စေလွှတ်ရန် စာဖြင့် ညွှန် ကြားထားပြီး သင်္ကြန်အကြိုနေ့ ဧပြီလ ၁၃ ရက်နေ့မှ သင်္ကြန်အတက်နေ့ ဧပြီလ ၁၆ ရက်နေ့ အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ စေလွှတ် ရမည် ဖြစ်ကြောင်း၊ ညွှန်ကြားချက်ကို မဖြစ်မနေ မပျက်မကွက် လိုက်နာ ရမည် ဖြစ်ကြောင်း ညွှန်ကြားထားသည်။

ထို့ပြင် ကြံ့ဖွတ်ပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကလည်း မိမိတို့၏ ရပ်ကွက်များအလိုက် ရေကစားထွက်မည့်သူများကို စုဆောင်းထားရပြီ နေ့စဉ် ရေပက်ခံထွက်ရမည်ဖြစ်ကြောင်း၊ ရန်ကုန်ရှိ မြို့နယ်အသီးသီးတွင် သင်္ကြန် ရေပက် ခံထွက်ပါက ဒန်ပေါက်ကျွေးပြီး လမ်းစရိတ်ပေးမည်ဟု စည်းရုံး နေ ကြောင်း သိရှိရသည်။

“သန်လျှင်၊ ကျောက်တန်း ပါဒကြီးကျေးရွာမှာ သင်္ကြန်လိုက်လည် ရင်ဒန်ပေါက် ကျွေးမယ်၊ လမ်းစားရိတ်ပေးမယ်ဆိုပြီး လိုက်စည်းရုံးတယ်။ မြောက်ဥက္ကလာ၊ ရွှေပေါက္ကံအုပ်ချုပ်ရေးမှုးဦးနိုင်က အုပ်ချုပ်ရေးရုံးဝန်းထဲမှာမြောက်ဥက္ကလာ အဝိုင်း ရေကစားမဏ္ဍပ် မှာကပြဖို့ ကလေးမိဘတွေကိုငွေပေးစည်းရုံး ပြီးအက တိုက် နေတယ်။တောက်ပြီး အရက်သောက်ချင်တဲ့သူတွေကို အရက်အ၀တိုက် မယ် လို့ ပြောပြီး လိုက်စည်းရုံးနေတယ်” ဟု ရန်ကုန်ဝန်ထမ်းတစ်ဦးက ဆို သည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ်သင်္ကြန်ကို မဖြစ်မနေ စည်ကားအောင် လုပ် ဆောင် ရမည်ဟု ပြည်နယ်/တိုင်း စစ်ကောင်စီများကို မင်းအောင်လှိုင် ကိုယ်တိုင် ညွှန်ကြားချက်ထုတ်ပြန်၍ စေခိုင်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article