31 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဧပြီ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၁၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ စစ်တပ်အင်အား ၃၀ ခန့် အထိုင်ချထားတဲ့ တာဝါတိုင် စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်က တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ စစ်သားအယောက် ၂၀ နဲ့အတူ ဗိုလ်ကြီး သွဲ့လင်းထက် နဲ့ အရာရှိတချို့ပါဝင်တယ်လို့ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့သတင်းရင်းမြစ်က ပြောပါတယ်။

-မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ ရွာဆေးရုံရှိ လူနာတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသ ပြည်သူတွေကပြောပါတယ်။

-မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အ တွင်းကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနေပြီး ပြည်သူ ၄၀၀၀ ကျော် ထွက် ပြေးတိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article