33 C
Yangon

မြင်းခြံနှင့် နွားထိုးကြီးတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၂ ဦး သေဆုံး

Must read

မြင်းခြံနှင့် နွားထိုးကြီးတို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၁၂ ဦး သေဆုံး

ရန်ကုန်၊ မေ ၁၅

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သား၊ ပျူးစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၂ (Myingyan Ranger) တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၃ ရက် နံနက်ပိုင်းက အဆိုပါအကြမ်းဖက်စစ်တပ်စခန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းအတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သော်လည်း ရာသီဥတုဆိုးရွားလာသဖြင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃ (Myingyan Ranger) ၊ မြင်းခြံခရိုင် တပ်ရင်း ၂ တပ်ခွဲ ၁ (PDF TAloke) ၊ Buremese Guerilla Force -Myingyan) ၊ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ MGN 35 ပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း ၃ (MDY PDF) ၊ Mobile People Defence Force ၊ Phoenix အထူးပြောက်ျကျားတပ်ဖွဲ့၊ YSO -ISA တပ်ဖွဲ့၊ ကျေးရွာ တပ်ပေါင်းစု – မြောင် တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား များကို ဒရုန်းဖြင့် ၃ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Myingyan District Drone Strike တပ်ဖွဲ့ထံမှ သိရသည်။

မေလ ၁၂ ရက်နေ့က နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကိုလည်းကောင်း၊ မကျည်ကျေးရွာကို ဝင်ရောက်စဉ် ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကိုလည်းကောင်း၊ အိုးဘိုတောကျေးရွာသို့ ထပ်မံဝင်ရောက်စဉ် ဒရုန်းဖြင့် ဗုံးသီး ထပ်မံကျဲခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Myingyan District Drone Strike (MDDS) ၊ မြင်းခြံခရိုင် တပ်ရင်း ၁ ၊ 27 Revolution Forces ၊ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ မြင်းခြံခရိုင်တပ်ရင်း ၄ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article