30 C
Yangon

မြဝတီမြို့နယ်ရှိ စစ်စခန်း ၃ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ထိခိုက် သေဆုံးသူ များပြား

Must read

မြဝတီမြို့နယ်ရှိ စစ်စခန်း ၃ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ထိခိုက် သေဆုံးသူ များပြား

ရန်ကုန်၊ မေ ၂၈

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်စခန်း ၃ ခုကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ထိခိုက် သေဆုံးသူ များပြားကြောင်း KNDO တပ်ရင်း ၈ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

မေလ ၂၃ ရက်နေ့တွင် မြဝတီမြို့ တောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ဝေါ်လေ ဗျူဟာကုန်း၊ မော်ခီး စခန်းနှင့် ကနဲလေး စခန်းတို့ကို KNU/KNLA ၂၀၁ တပ်ရင်း KNDO တပ်ရင်း ၈ နှင့် Federal Wings Drone အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် ဘက်မှ တပ်ရင်းမှူး ၁ ဦး အပါအဝင် ထိခိုက်သေဆုံးသူများပြားကြောင်းသိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မော်ခီး စခန်းအနီးရှိ ပနွယ်ဖိုးကလိုးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ခရစ်ယာန် ဘုရားရှိခိုး​ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်း အတိအကျတော့ မသိရသေးဘူး။ ပွဲက အခုထိ မပြီးသေးလို့ အနည်းဆုံး စခန်းတစ်ခုမှာ ၁၀ ဦး ထိခိုက်တယ်လို့ ကြားတယ်။ စစ်ခွေးတွေက အနီးအနားက ကျေးရွာတွေကို ၁၂၀ မမ ၈၁ မမ တွေနဲ့ ရမ်းပြီး ပစ်ခတ်နေတယ်” ဟု KNDO တပ်ရင်း ၈ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article