29 C
Yangon

KNU တပ်မဟာ ၃ နယ်မြေ၌ ဒဏ်ရာရ စစ်သားများကို ကားဖြင့်သယ်ဆောင်စဉ် စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

KNU တပ်မဟာ ၃ နယ်မြေ၌ ဒဏ်ရာရ စစ်သားများကို ကားဖြင့်သယ်ဆောင်စဉ် စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးသေဆုံး သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မေ ၁၉

KNU တပ်မဟာ ၃ စစ်ရေးနယ်မြေအတွင်း၌ ဒဏ်ရာရ အကြမ်းဖက်စစ်သားများကို ကားဖြင့် သယ် ဆောင်နေစဉ် စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်း ဆည်းရရှိခဲ့ကြောင်း Royal Peacock Column ထံမှ သိရသည်။

ဧပြီလ ၂၂ ရက် နေ့လည် ၁၂ နာရီခန့်က စစ်ရေးနယ်မြေအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာ သော အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရ စစ်သားများကို အရပ်သားသုံး Like Truck ကားဖြင့် သယ်ဆောင်နေစဉ် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးထိမှန်ပြီး တစ်ဦးထွက်ပြေး သွားကာ ယင်းကားပေါ်မှ MA 1 ၂ လက်၊ MA 14 ၁ လက် ၊ လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါဗုံးသီး ၁ လုံး၊ ကျည်ဘောက် ၁၅ ဘောက်၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၃၀၀ ခန့်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

စနိုက်ပါဖြင့် ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိကာ ထွက်ပြေးသွားသော အကြမ်း ဖက် စစ်သားကို လိုက်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article