33 C
Yangon

PDF များ တိုက်ခိုက်မှုကြောင့် မေလအတွင်း ဗိုလ်မှူးကြီး စိုးမင်းလတ် အပါအဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အဆင့်အထိ အရာရှိ ၁၀ ဦးသေဆုံး

Must read

PDF များ တိုက်ခိုက်မှုကြောင့် မေလအတွင်း ဗိုလ်မှူးကြီး စိုးမင်းလတ် အပါအဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အဆင့်အထိ အရာရှိ ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၁

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်များ၏ တိုက်ခိုက်မှုကြောင့် မေလအတွင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် အပါအဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အဆင့်အထိ အရာရှိ ၁၀ ဦးသေဆုံးကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းအချက်အလက်များအရ သိရှိရသည်။

လွိုင်ကော် ခမရ ၅၃၀ တပ်ရင်းမှူးကို စစ်သားက သေနတ်ဖြင့် ပစ်သတ်

======================================

မေလ ၄ ရက်နေ့ လွိုင်ကော်မြို့ မြောက်ဘက် လွိုင်လင်လေးမြို့နယ် ထီးစဲခါး ဂိတ်တွင် စစ်ကောင်စီ တပ်သားတစ်ဦးက ခမရ(၅၃၀) တပ်ရင်းမှူးကို သေနတ်ဖြင့် ပစ်သတ်ပြီး အဆိုပါ စစ်သားကိုယ်တိုင်လည်း မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း၊ တပ်ရင်းမှူးက စစ်သားကို ပါးရိုက်ထိုးကြိတ်ရိုက်နှက်ရာမှ စစ်သားက မကျေမနပ်ဖြစ်၍ တပ်ရင်းမှူးကို ပစ်သတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီး စိုးမင်းလတ်နှင့် ဗိုလ်မှူး ၁ ဦးသေဆုံး

============================

မေလ ၅ ရက်နေ့ညနေပိုင်း ချင်းပြည်နယ်၊ မတူပီ ချင်းပြည်နယ် မတူပီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF တပ်များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၄၂) ကျောင်းဆင်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ် သေဆုံးသွားကြောင်း စစ်ဘက် သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

ဗိုလ်မှူးကြီး စိုးမင်းလတ်နှင့်အတူ ဗိုလ်မှူး ၁ ဦး၊ ယာဉ်မောင်းတပ်သား ၁ ဦးပါ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကော့ကရိတ် ခလရ ၉၇ မှ ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံး

======================================

မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း ခလရ ၉၇ ကို PDF တပ်များက ၀ိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ ယင်းသို့တိုက်ခိုက်ရာတွင် စစ်တပ်ဘက်မှ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံးကြောင်း သိရှိရသည်။

ကရင်နီတိုက်ပွဲတွင် ဗိုလ်မှူး/ဗိုလ်ကြီး မျိုးသီဟ သေဆုံး

===============================

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပွန်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ၅၁၇ တပ်မှ ဗိုလ်မှူး/ဗိုလ်ကြီးမျိုးသီဟ သည် ကရင်နီပြည်နယ် အတွင်းတိုက်ပွဲတွင် သေဆုံးသွားပြီး အလောင်း ပြန်မရကြောင်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

မေလ ၂၀ ရက်နေ့ နံနက် ၅ နာရီအချိန် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲတွင် ဗိုလ်ကြီးမျိုးသီဟ သေဆုံးသွားခြင်းဖြစ်ပြီး အလောင်းပြန်မရဘဲ နေအိမ်ကိုသာ စစ်တပ်က အကြောင်းကြားလာကြောင်း၊ ဗိုလ်ကြီး မျိုးသီဟသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း မင်္ဂလာဆောင်ခဲ့ပြီး ၅ လအကြာ မေလ ၂၀ ရက်နေ့တွင် တိုက်ပွဲတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကရင်နီတိုက်ပွဲတွင် ဗိုလ်မှူးဇေယျာမျိုးသေဆုံး

===========================

မေလ ၂၃ ရက်နေ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆို တိုက်ပွဲတွင် ခမရ ၄၂၅ မှ ဗိုလ်မှူး ဇေယျာမျိုး အပါအဝင် စစ်တပ်ဘက်မှ ၄၀ နီးပါးသေဆုံးခဲ့ကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်ရင်းမှူး ၁ ဦးသေဆုံး

======================================

မေလ ၂၃ ရက်နေ့ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ဝေါ်လေ ဗျူဟာကုန်း၊ မော်ခီး စခန်း နှင့် ကနဲလေး စခန်း စစ်စခန်း ၃ ခုကို တော်လှန်ရေးတပ်များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ တပ်ရင်းမှူး (၁)ဦး အပါအဝင် (၉)ယောက် သေဆုံးခဲ့ကြောင်း သိရှိရသည်။

စဉ့်ကူးတွင် ဗိုလ်မှူး လှိုင်ဘွား သေဆုံး

=====================

မေလ ၂၄ ရက်နေ့မှ မေလ ၂၅ ရက်နေ့တို့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် အနောက်ခြမ်း ကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးရာမှ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ရက်အကြာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူး လှိုင်ဘွားဆိုသူ သေဆုံးသွားခဲ့ကြောင်း၊ သီတင်းပတ် ၁ ခုအတွင်း စစ်ကောင်စီဘက်မှ စုစုပေါင်း (၅၀)ဝန်းကျင် သေဆုံးနိုင်ကြောင်း PDF တပ်ဖွဲ့မှ ဗိုလ်ကောင်းကင်က ပြောဆိုသည်။

တောင်ငူ လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီး ရဲနိုင် ပစ်ခတ်ခံရပြီး သေဆုံး

===========================================

မေလ ၃၁ ရက်နေ့ တောင်ငူအခြေစိုက် လေကြောင်းရန် ကာကွယ်ရေးတပ် (၁၀၁၅) တပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်သည် အရပ်ဝတ်ဖြင့် သွားလာနေစဉ် အမြန်လမ်း ၁၅၄ မိုင် ၈ ဖာလုံတွင် ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၃၅၀၁ တပ်ခွဲ ၆ မှ ရဲဘော်များက ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း၊ ၎င်း၏ ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

မင်းတပ်တွင် ခလရ ၂၇၄ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုး စနိုက်ပါ မိသေဆုံး

==========================================

မေလ ၃၁ ရက်နေ့တွင် ချင်းပြည်နယ်၊ မင်းတပ် အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စိုးထက်ပိုင်တိုးသည် စနိုက်ပါ ထိမှန်၍ ပွဲချင်းသေဆုံးသွားကြောင်း၊ သေဆုံးချိန်တွင် ဇနီးနှင့် သားတစ်ဦး ကျန်ရစ်ကြောင်း သိရှိရသည်။

(တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့် အရာရှိငယ်များ သေဆုံးမှုမှာ များပြားလွန်း၍ ထည့်သွင်းဖော်ပြ ခြင်းမပြုတော့သည်ကို စာဖတ်ပရိသတ်များကို အသိပေးအပ်ပါသည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article