30 C
Yangon

ချောက်မြို့နယ်၊ ခလရ ၁၃ ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်သား ၉ ဦး စစ်မတိုက်နိုင်တော့ဟုဆိုကာ အမိန့်ဖီဆန်၍ ရှေ့တန်းတွင် ဖမ်းဆီးခံရ

Must read

ချောက်မြို့နယ်၊ ခလရ ၁၃ ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်သား ၉ ဦး စစ်မတိုက်နိုင်တော့ဟုဆိုကာ အမိန့်ဖီဆန်၍ ရှေ့တန်းတွင် ဖမ်းဆီးခံရ

ရန်ကုန်၊ ဇူလိုင် ၈

ကချင်ပြည်နယ်၊ ရှေ့တန်း စစ်မြေပြင်တွင် ရောက်ရှိနေသည့် ချောက်မြို့နယ်၊ ခလရ ၁၃ ခြေလျင် တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်သား ၉ ဦးက စစ်မတိုက်နိုင်ဟုဆိုကာ အမိန့်ဖီဆန်၍ ရှေ့တန်းတွင် ဖမ်းဆီးခံထားရကြောင်း တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မကွေးတိုင်း၊ ချောက်မြို့အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၁၃ ခြေလျင် တပ်ရင်းမှ ကချင်ပြည်နယ် ရှေ့တန်း စစ်မြေပြင်ကို ရောက်ရှိနေသည့် တပ်ရင်းမှူး အပါအဝင် စစ်သား ၉ ဦးသည် စစ်မတိုက်တော့ဟု အမိန့်ဖီဆန်သောကြောင့် ရှေ့တန်း၌ ဖမ်းဆီးခံထားရကြောင်း၊ ကချင်ပြည်နယ် စစ်မြေပြင်တွင် အကြမ်းဖက် စစ်တပ်က သေဆုံးမှု အလွန်များနေပြီး မိုင်းကွင်းများ ရှိသည့် နေရာများကို စစ်ကြောင်းထိုး တိုက်ခိုက်ခိုင်းသည့်အတွက် ထောင်ကျခံပြီး တိုက်ခိုက်ရန် ငြင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

” ခလရ ၁၃ ခြေလျင် တပ်ရင်းက ရှေ့တန်းမှာ တပ်ရင်းမှူးနဲ့ စစ်သား ၈ ဦးက စစ်မတိုက်တော့ဘဲ အမိန့်ဖီဆန်လို့ ဖမ်းဆီးထားတယ်။ တပ်ရင်းမှူးက အသစ်။ စစ်ဆင်ရေးက ရွှေထွက်တဲ့နေရာ ပတ်ပတ်လည်မိုင်းတွေထောင်ထားတာကို အထက်က မရမက တက်တိုက်ခိုင်းလို့ သေမယ့် အတူတူ ထောင်ပဲ အကျခံမယ်ဆိုပြီး မတိုက်တော့တာ။ တပ်ရင်းမှူးအပါအဝင် ၉ ဦးကို တစ်နေရာဆီ ချုပ်ထား နောက်တန်းမှာ ကျန်ခဲ့တဲ့ မိန်းမတွေကို တပ်ထဲကနေ ပြန်ခိုင်းတော့မယ်သိရတယ်” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း တိုက်ပွဲများတွင် စစ်သားများ သေဆုံးမှုများပြားနေခြင်းကြောင့် တပ်တွင်းမှ ထွက်ပြေးကြသူများ ပြား လာသည့်အပြင် အမိန့်မနာခံမှုများ၊ အမိန့်ဖီဆန်၍ စစ်တိုက်ရန် ငြင်းဆန်မှုများ၊ တပ်ရင်းအလိုက် လက်နက်ချမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ၏ ဝါဒဖြန့် ဆိုင်းဘုတ်တစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article