29 C
Yangon

စစ်ကောင်စီ၏ လေတပ်တွင် လေယာဉ်ပစ်လက်နက်၊ ဗုံးများ အဓိက ပြင်ဆင် ပေးရသူ စစ်ရာဇဝတ်မှုများ၏ အဓိက တရားခံ ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦး ရုတ်တရက်သေဆုံး

Must read

စစ်ကောင်စီ၏ လေတပ်တွင် လေယာဉ်ပစ်လက်နက်၊ ဗုံးများ အဓိက ပြင်ဆင် ပေးရသူ စစ်ရာဇဝတ်မှုများ၏ အဓိက တရားခံ ဒုဗိုလ်မှူးကြီး ကျော်ကျော်ဦး ရုတ်တရက်သေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၂

နေပြည်တော်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်အတွက် လေယာဉ်ပစ် လက် နက်များ အဓိက ပြင်ဆင်ပေးရသူ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး သည် ဩဂုတ်လ ၈ ရက်နေ့ ညပိုင်းတွင် ရုတ်တရက်သေဆုံးသွားခဲ့ကြောင်း နေပြည် တော်စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နေပြည်တော်လေတပ်မှ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး ကကလေ- စစ်ဦး စီး၊ ပထမတန်း (လက်နက်) သည် ဩဂုတ်လ ၈ ရက်နေ့ ညပိုင်းတွင် ရုတ်တ ရက် အမောဖောက်ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“ကကလေ က စစ်ဦးစီးမှူးပထမတန်း(လက်နက်) ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦး လေယာဥ်လက်နက်တွေ အဓိက ပြင်ဆင် ပေးတဲ့ သူ အင်ဂျင် နီယာပေါ့။ ရုတ်တရက်ဆုံးတာ။ ည ၁၀ နာရီလောက် ဆေးရုံအရောက်ပို့တာ။ ဆေးရုံလည်းရောက်‌ သေလည်းသေတယ်။ နှလုံးရောဂါ ထင်တယ်။ဩဂုတ်လ ၁၀ ရက်နေ့မှာ သဂြိုလ်ခဲ့ပါတယ်” ဟု နေပြည်တော်စစ်သတင်းရင်းမြစ်က ပြောသည်။

ဒုတိယဗိုလ်မှူး‌ကြီး ကျော်ကျော်ဦးသည် ဗိုလ်လောင်း သင်တန်းအမှတ် ၈၅ မှ ဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၅၆ နှစ်ရှိနေပြီဖြစ်ကြောင်း၊ Operation Spitfire က ထုတ်ပြန်ထားသည့် လေတပ်မှ စစ်ရာဇဝတ်မှုကျူးလွန်သော အရာရှိ များတွင် တစ်ဦး အပါအဝင် ဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article