30 C
Yangon

အာဏာရှင်စနစ်၏ လမ်းစဉ်နှင့် အုပ်ချုပ်ရေးလုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေး အဖွဲ့အစည်း အားလုံး နှင့် လက်တွဲလုပ်ဆောင်မည်ဟု KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းပြောဆို

Must read

အာဏာရှင်စနစ်၏ လမ်းစဉ်နှင့် အုပ်ချုပ်ရေးလုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေး အဖွဲ့အစည်း အားလုံး နှင့် လက်တွဲလုပ်ဆောင်မည်ဟု KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းပြောဆို

ရန်ကုန်၊ ဩဂုတ် ၁၂

အာဏာရှင်စနစ်၏ လမ်းစဉ်နှင့် အုပ်ချုပ်ရေးလုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေးအတွက် စစ်အာဏာ ရှင်နှင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် တို်ငးရင်းသားတော်လှန်ရေးအဖွဲ့အစည်း များ၊ ဒီမိုကရေစီအစုအဖွဲ့များအပြင် လူထုအခြေပြု လူ့အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သော ၇၃ နှစ်မြောက် “ကရင့်အမျိုးသား အာဇာနည်နေ့” မိန့်ခွန်းတွင် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းစုံနေထိုင်ကြပြီး စစ်အုပ်စုသည် မဟာလူမျိုးကြီး ဝါဒကို အသုံးချကာ အာဏာရှင်စနစ်ကို တည်ဆောက်ပြီး ကိုယ်ကျိုးရှာနေကြောင်း၊ အာဏာရှင် စနစ် အပြင် အာဏာရှင်စနစ်၏ လမ်းစဉ်နှင့် အုပ်ချုပ်ရေး လုပ်ငန်းအားလုံး အဆုံးသတ်နိုင်ရေးအတွက် အာ ဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့်လက်တွဲ လုပ်ဆောင် ကြရ မည် ဖြစ်ကြောင်း KNU ပဒိုစောကွယ်ထူးဝင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

အနာဂတ်ရည်မှန်းချက်များ ပြီးမြောက်အောင်မြင်ရန်အတွက် အပြန်အလှန် သီးခံမှု၊ လုံ့လဝရိယရှိမှု အ ပြင် ဉာဏ်အမြှောက်အမြင်ရှိရှိနှင့် သတ္တိရှိရှိ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင် ဆီ သို့ တစိုက်မတ်မတ် ဦးတည်ပြီး မိမိတို့၏ ရည်မှန်းချက် ပြီးမြောက်အောင်မြင်သည်အထိ လက်နက်ကိုင် ခုခံတော်လှန်ရေးဆိုင်ရာ လုပ်ငန်းအပြင် နိုင်ငံရေးကြိုးပမ်းမှု ဆိုင်ရာ လုပ်ငန်းများတွင်လည်းအတူ တကွ ပါဝင်ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်တိုက်တွန်းထားသည်။

၁၉၆၂ ခုနှစ်မှစ၍ မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲပြီး နိုင်ငံ၏ အအာဏာကို အတင်းအဓမ္မ ရယူကာ စစ် အုပ်ချုပ်ရေးစနစ်ကို ပုံစံအမျိုးမျိုးဖြင့် ကျင့်သုံးနေကြောင်း၊ အာဏာရှင်အုပ်စုသည် စစ်တပ်ကို အသုံးချ ပြီး ပြည်သူလူထုနှင့် တိုင်းရင်းသား လူမျိုးများ၏ ဆန္ဒကို ဆန့်ကျင်ကာ ဖိနှိပ်အုပ်ချုပ်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး နိုင်ငံ၏ အာဏာကို နောက်ထပ်တစ်ဖန် အတင်းအဓမ္မ ရယူ ပြန်လာခဲ့ရာ ပြည်သူလူထုမှ လုံးဝလက်ခံနိုင်ခြင်းမရှိသဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်လျက်ရှိပြီး လက်နက်ကိုင်တော်လှန်ရသည့် အဆင့်သို့ ရောက်ရှိခဲ့ရာ အာဏာရှင်အုပ်စုမှလည်း စစ်တပ်ကို အသုံးချ ကာ စစ်ရေးအရ အကြမ်းဖက်သည့် နည်းလမ်းများကို ဆိုးဆိုးရွားရွား လုပ်ဆောင်နေကြောင်း သိရသည်။

ထို့ကြောင့် စစ်ရေးဖြင့် အကြမ်းဖက်မှုသည် မြန်မာလူမျိုးအမားစုနေထိုင်သည့် နေရာ၊ ဒေသများသို့ပင် ပြန့်နှံ့သက်ရောက်လျက်ရှိပြီး စစ်အုပ်စုမှ လက်နက်ကြီးများဖြင့်၊ အမြောက်ကြီးများအပြင် တိုက်လေ ယာဉ် များပါ အသုံးပြုတိုက်ခိုက်နေသော်လည်း တိုင်းရင်သားပြည်သူလူထုနေအဖြင့် အညံ့မခံပဲ အာဏာရှင်အုပ်စုအား နိုင်ငံရေး၊ စစ်ရေးအပြင် သံတမန်နည်းလမ်း စသည့်နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန်နေကြောင်း KNU ပဒိုစောကွယ်ထူးဝင်းက ပြောဆိုထားသည်။

လူမျိုးကြီးဝါဒကို စွဲကိုင်အသုံးချနေသည့် စစ်အုပ်စုသည် တို်ငးရင်းသား လူမျိုးများနှင့် ပြည်သူလူထုအား အကြမ်းဖက် ဖိနှိပ်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး စစ်အုပ်ချုပ်ရေးကို ဆက်လက်ကိုင်စွဲ ကာ နည်းပရိယာယ်မျိုးစုံဖြင့် လှည့်စားနေကြောင်း၊ အစုအဖွဲ့အားလုံး၏ အင်အားများကို စုစည်းကာ စစ်အုပ်စုကို လုံးပါးပါးသွားပြီး စစ်တပ်၏ ကံကြမ္မာကို ပြည်သူလူထု၏ လက်ဝယ်သို့ ပြန်လည်လွှဲအပ် ကာ တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူလူထု၏ လိုအင်ဆန္ဒအတိုင်း လိုက်နာလုပ်ဆောင်နိုင်သည်အထိ ရှေ့ဆက်ကြရမည်ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ဆက်လက်ပြောကြားသည်

KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article