30 C
Yangon

စစ်ကောင်စီက ဒေါ်လာကိုင်ဆောင်လျှင် အရေးယူမည်ဟု ကြေညာချိန် NUG ၏နွေဦးဘဏ်တွင် အမေရိကန်ဒေါ်လာ အလွယ်တကူ အပ်နှံ သိမ်းဆည်းနိုင်ကြောင်း ကြေညာ

Must read

စစ်ကောင်စီက ဒေါ်လာကိုင်ဆောင်လျှင် အရေးယူမည်ဟု ကြေညာချိန် NUG ၏နွေဦးဘဏ်တွင် အမေရိကန်ဒေါ်လာ အလွယ်တကူ အပ်နှံ သိမ်းဆည်းနိုင်ကြောင်း ကြေညာ

ရန်ကုန်၊ ဩဂုတ် ၂၂

အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းတွင် ဒေါ်လာကိုင်ဆောင်သူများကို အရေးယူမည်ဟု ကြေညာချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နွေဦးဘဏ်တွင် အမေရိကန်ဒေါ်လာများ အလွယ်တကူ အပ်နှံ သိမ်းဆည်း နိုင်ကြောင်း နွေဦးဘဏ်က တရားဝင် အသိပေး ကြေညာသည်။

“USD လက်ဝယ် သိမ်းထားဖို့ စိတ်မချရဘူးလား။ USD ကို အလွယ်တကူ ဝယ်ယူဖို့ နေရာ မရှိဘူး ဖြစ်နေသလား။ နွေဦးဘဏ် တွင် စာရင်း ဖွင့်လှစ်ပြီး လိုသလောက် USD ဝယ်ယူ၍ လုံခြုံစိတ်ချစွာ သိမ်းဆည်းထားပြီး မိမိဆန္ဒရှိတဲ့ အချိန်မှာ လွယ်ကူစွာ ပြန်လည် ရောင်းချနိုင်ပါတယ်။ မြန်မာကျပ်ငွေ MMK မှ အခြားငွေကြေးများ နှင့် Gold token ကိုလည်း လက်ညှိုးတထောက်ဖြင့် Real-Time Exchange အတိုင်း လဲလှယ်နိုင်ပါတယ်။ နိုင်ငံခြားငွေကြေးများကို တစ်နေရာထဲမှာ စီမံခန့်ခွဲ နိုင်ဖို့ နွေဦးဘဏ် အကောင့်တခုသာ လိုပါတယ်” ဟု နွေဦးဘဏ်က ကြေညာထားသည်။

နွေဦးဘဏ်တွင် ဘဏ်စာရင်း အကောင့်ဖွင့်လိုပါက https://beta.springdevelopmentbank.com/register တွင် စာရင်း ပေးနိုင်ပြီး နွေဦးဘဏ် အသုံးပြုသူများ စုဝေးရာ https://t.me/SpringDevBankCommunity နှင့် SDB Help Center မှ အကူ အညီရယူရန် https://help.springdevelopmentbank.com သို့ ဆက်သွယ်နိုင်ကြောင်း နွေဦးဘဏ်က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article