“အကြမ်းဖက်စစ်အုပ်ကငွေကြေးလိုအပ်ချက်ရှိလာတာရော ပြည်ပရောက်မြန်မာအလုပ် သမားတွေကို ဖိနှိပ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ရောလုပ်တာ ဒီအစီအစဉ်ဟာ ဖြစ်လာစရာမရှိပါဘူး”
ကိုရဲမင်း (ထိုင်းရောက် မြန်မာအလုပ်သမားများအရေးတက်ကြွလှုပ်ရှားသူ)နှင့်တွေ့ဆုံခြင်း
By ရန်ကုန်ခေတ်သစ်
မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးကတည်းက တိုင်းပြည်ဟာ အထွေထွေ ကျပ်တည်းမှုတွေဖြစ်ပြီး လူငယ်တွေအတွက် အနာဂတ်ပျောက်ဆုံးသွားတာကြောင့် ပြည်ပနိုင်ငံအသီးသီးကို သွားရောက်အလုပ်လုပ်တာတွေ များပြားလာပါတယ်။
အဲဒီလို ပြည်ပထွက်အလုပ်လုပ်ကိုင်သူတွေ များလာချိန် နိုင်ငံတကာပိတ်ဆို့မှုကြောင့် အကျပ်ရိုက်နေတဲ့ စစ်အုပ်စုက ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မဖြစ်မနေ နိုင်ငံအတွင်းကို ပြန်လည်ပေးပို့ဖို့ ဖိအားပေးကာ စီစဉ်ဆောင်ရွက်လာ ပါတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူ ကိုရဲမင်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
