အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၅
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ အောက်တိုဘာ ၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ယနေ့ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် ဓမ္မဘက်တော်သား သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများနှင့် CDM ဆရာဆရာမများကို လေးစားစွာ ဦးညွှတ်ပါ၏။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

