25 C
Yangon

Breaking News- ကျောက်တော်မြို့နယ် ၊ စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်များ ဖြင့် ဗုံးကျဲနေ၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု များပြား

Must read

Breaking News- ကျောက်တော်မြို့နယ် ၊ စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်များ ဖြင့် ဗုံးကျဲနေ၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု များပြား

ရန်ကုန်၊ ဇန်နဝါရီ ၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို ရက္ခိုင်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က တိုက် လေယာဉ်များဖြင့် ဗုံးကျဲနေကြောင်း AA သတင်းရင်းမြစ်နှင့်ဒေသပြည်သူများထံမှ သိရှိရသည်။

ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ တင်းမဗျူဟာကုန်းကို AAက ဒီဇင် ဘာလအတွင်းမှစတင်၍ တိုက်ခိုက်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် တိုက် ခိုက်သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ယနေ့ နံနက် ၆ နာရီမှ စတင်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်တိုက် ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အခု စခန်းထဲမှာ AA ဘက်က နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်။ စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ လာပစ်တာတွေလည်းရှိတယ်” ဟု AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ ပလက်၀မြို့နယ်ရှိ ပွိုင့် ၃၇၇ တပ်စခန်းကို ရခိုင်တပ်တော် AA က သိမ်းပိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article