25 C
Yangon

မိုင်းငေါ့မြိုရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို TNLA က ချေမှုန်းလိုက်ပြီး မိုင်းငေါ့မြို့ကို အပြီးသတ် သိမ်းပိုက်

Must read

မိုင်းငေါ့မြိုရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို TNLA က ချေမှုန်းလိုက်ပြီး မိုင်းငေါ့မြို့ကို အပြီးသတ် သိမ်းပိုက်

■ ရှမ်းမြောက်တွင် ချင်း‌ရွှေဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း၊ ကုန်းကြမ်း၊ သိန္နီ၊ ဖောင်းဆိုင်၊နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမတူ၊ မိုင်းလုံနှင့် မိုင်းငေါ့ စုစုပေါင်း ၁၃ မြို့ကို ညီနောင် ၃ ဖွဲ့က သိမ်းပိုက်ထား

ရန်ကုန်၊ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တအာင်းတပ်မတော် TNLA က ချေမှုန်းလိုက်ပြီး မိုင်းငေါ့မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း TNLA က တရားဝင်ထုတ်ပြန် ကြေညာသည်။

ဒီဇင်ဘာလ ၂၉ ရက်နေ့မှစတင်၍ မိုင်းငေါ့မြိုရှိ စစ်တပ်စခန်းများကို TNLA က စတင်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့တွင်မူ စစ်ကောင်စီ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတိုကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မိုင်းငေါ့မြို့ကို ၃ ရက်အတွင်း သိမ်းပိုက်ရရှိခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် စစ်ကောင်စီ မိုင်းငေါ့မြိုတပ်စခန်း ဗျုဟာကုန်းအပါအဝင် ၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

မိုင်းငေါ့မြို စစ်ကောင်စီတပ်စခန်းသည် တပ်မ-၁၀၁ လက်အောက်ခံ ခလရ-၂၅၃/ ခလရ-၂၃၅ တိုမှ လာရောက်ထိုးစစ်ဆင် အခြေချလှုပ်ရှားသည့် နေရာဖြစ်ကြောင်း၊ မိုင်းငေါ့မြိုရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်မှ Jet Fighter ဖြင့် ၅ ကြိမ် ၊ Y12 လေယာဥ်ဖြင့် ၁၉ ကြိမ် အသုံးပြု ခုခံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းငေါ့မြိုတိုက်ပွဲအတွင်း စစ်ကောင်စီမိုင်းငေါ့တပ်စခန်းမှ လက်နက်ကြီးဖြင့် ၃၀ ကြိမ် ထက်မနည်း မိုင်းငေါ့မြိုနယ် ပတ်ဝန်ကျင်နှင့် မိုင်းငေါ့မြိုတွင်းသို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီကျောက်မဲတပ်စခန်းကလည်း မိုင်းငေါ့မြိုသို လက်နက်ကြီးဖြင့် ၁၅ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ထို့ပြင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပိုယာဥ်ဖြင့် စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ ၃ ကြိမ် မိုင်းငေါ့တပ်စခန်းကုန်းတွင်း တိုက်ပွဲမဖြစ်ပွားခင် လာရောက်ပိုချခဲ့ကြောင်း သိရှိရသည်။

မိုင်းငေါ့မြို စခန်းသိမ်းတိုက်ပွဲ ၃ရက်တာ ကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၄ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၁၀၃ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၄၅ ကြိမ် ထက်မနည်း အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က မိုင်းငေါ့တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုင်းငေါ့မြိုနယ် ဒေသပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး၊ ၅ ဦး ဒဏ်ရာ ရရှိကြောင်း၊ ဘာသာရေးအဆောက်အဦး ဘုရားကျောင်းကန်များ၊ လူနေအိမ် ၁၄ လုံး လက်နက်ကြီးနှင့် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်း နှင့် လူနေအိမ် (၅) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ၊ ဟောင်ဝစ်ဇာအမြောက်အပါအဝင်၊ လက်နက်မျိုးစုံ၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း၊ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ တအာင်းတပ်မတော် PSLF/TNLA က နမ့်ဆန်မြို၊ နမ့်ခမ်းမြို၊ မန်တုံမြို၊ နမတူမြို၊ မိုင်းလုံမြိုတိုကို သိမ်းပိုက်ခဲ့ပြီးနောက် ဆဌမမြောက်မြိုအဖြစ် မိုင်းငေါ့မြိုကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့က ချင်း‌ရွှေဟော် ၊ မုံးကိုး ၊ ကွမ်းလုံ ၊ ပန်ဆိုင်း၊ ကုန်းကြမ်း၊ သိန္နီ၊ ဖောင်းဆိုင်၊နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမတူ၊ မိုင်းလုံနှင့် မိုင်းငေါ့တို့အပါအ၀င် မြို့ ၁၃ ခုကို အပြီး သတ် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article