31 C
Yangon

မံစီမြို့နယ်၊ မန်ဝိန်းကြီးရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များ က သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မန်ဝိန်းကြီး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် မန်းဝိန်းကြီးရဲစခန်းကိုပါ ထပ်မံ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရဲစခန်းကိုတော့ သိမ်းပြီးပြီ။ ရဲစခန်းထဲမှာ ဘယ်သူမရှိတော့ဘူး။ အကုန်ထွက်ပြေး ကြတဲ့သဘောရှိတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ မန်ဝိန်းကြီးတပ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်သားနှင့်ရဲ ၂၀၀ ကျော်ကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KIA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article