35 C
Yangon

မတ္တရာမြို့ပေါ်နှင့် ရေစကြိုတွင် ထွေအုပ်ရုံးနှင့် စစ်တပ်ထောက်ပို့စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန် ၊ ဇန်နဝါရီ ၂၂

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထား သော စစ်ကောင်စီတပ် သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရုံး အဆောက် အအုံထိခိုက်ပျက်စီးခဲ့ကြောင်း မြနန္ဒာ စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် နံနက် ၁၁ နာရီခန့်က မတ္တရာမြို့ပေါ်ရှိ အထွေ ထွေ အုပ်ချုပ်ရေးမှူး ရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်း ဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ရုံး ခေါင်မိုးပေါ်သို့ တည့်တည့်ကျ ရောက် ပေါက် ကွဲခဲ့ပြီး ရုံးအဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ၊ စစ် ကောင် စီ တပ်သား ထိခိုက်သေဆုံးမှု သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရ သည်။

“အခု ချခဲ့တာက ဒီလထဲမှာ ၄ ပွဲမြောက်ချခဲ့တာပါ၊ ဗုံးသီးက ရုံးခေါင်မိုးပေါ် ကျ တယ်၊ မတ္တရာမြို့ပေါ် ဆိုတော့ ချပြီးပြန်ဆုတ်ခဲ့ရတာ၊ ပြောက်ကျားပုံစံပဲ” ဟု မြနန္ဒာ စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြနန္ဒာစစ်ဆင်ရေး Drone တပ်ဖွဲ့ ၊ မတ္တရာ-ပကဖ နှင့်ပြင်ဦးလွင်ခရိုင် ထုတ် လုပ်ရေး တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မင်းရွာရှိ အကြမ်း ဖက်စစ်သား၊ ပျူ စောထီးများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့က မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပတ္တာဆိပ်ကမ်းမှ ထောက်ပို့ကားအကြီး ၃ စီး ဖြင့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မင်းရွာ ပျူစခန်း သို့ ထောက်ပို့ပစ္စည်းများ ရောက်ရှိလာ ကြောင်း သတင်းအရ ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ထောက်ပို့စစ်ကြောင်းကို ထိမှန်ခဲ့ပြီး စစ်ကောင်စီ တပ် သား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan District Drone Strike အမှတ် (၁၈၄၈) ဒရုန်းတပ်ဖွဲ့၊ Shar Htoo Waw နည်းပညာ Team-Team2 ၊ အမေ့လက်ရုန်း ပြောက်ကျားတပ်ဖွဲ့၊ စည်တော်ကြီး ပြောက် ကျား တပ်ဖွဲ့နှင့် မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း (NPDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MyingyanDistrictDroneStrike #SharHtooWaw #NPDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article