36 C
Yangon

မင်းလှမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၁ ဦးနှင့် ရာအိမ်မှူး ၁ ဦးတို့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး သေဆုံးကာ ရာအိမ်မှူး ပြင်းထန် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သဲကောကျေးရွာအနီးတွင် စစ်ကောင်စီခန့် အုပ် ချုပ်ရေးမှုးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးသေဆုံးသွားကာ ရာအိမ်မှူးမှာ အပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သာယာဝတီခရိုင်တပ်ရပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး သန်းထွန်းနှင့် ပျဥ်းမကုန်းကျေးရွာ ရာအိမ်မှူး နိုင်ကြီးတို့အား သဲကောကျေး ရွာအနီး၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ ရဲဘော်များပူးပေါင်း၍ သေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ရာ အုပ်ချုပ်ရေးမှူး သန်းထွန်းမှာ နေရာ မှာပင် ပွဲချင်းပြီး သေဆုံးပြီး ရာအိမ်မှူး နိုင်ကြီးမှ အပြင်အထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ပစ်ခတ်ခံရပြီး သေဆုံးသူ အုပ်ချုပ်ရေးမှူး သန်းထွန်းနှင့် ဒဏ်ရာရရှိသူ ရာအိမ်မှူး နိုင်ကြီးတို့သည် အကြမ်းဖက်စစ်ကောင်စီသက်ဆိုးရှည်စေရေးအတွက် ပျူစောထီးသင်တန်းတက်ရန် ပြည်သူများအ ပေါ် ခြိမ်းခြောက်ဖိအားပေး စုဆောင်းနေသဖြင့် ယခုကဲ့သို့ ပစ်ခတ်အရေးယူခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်စေရေးအတွက် ပြည်သူများကို အတင်းအကြပ် ဖိအားပေးကာ ပျူစောထီးသင်တန်းတက်စေရန ဖိအားပေးနေသော ထောက်တိုင်များကို အပြစ်ပေးအရေးယူသွား မည်ဖြစ်ပြီး ထို့သို့ လုပ်ဆောင်ခြင်းမပြုကြရန်၊ လိုက်နာခြင်းမရှိပဲ ဆက်လက်လုပ်ဆောင်နေသူများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article