31 C
Yangon

တရုတ်က အလိုရှိနေတဲ့ လောက်ကိုင် ကျားဖြန့် တရားခံပြေးတွေကို ရဟတ် ယာဉ် တွေနဲ့ သယ်ယူပြီး နမ့်စန်လေတပ်နဲ့တပ်စခန်းတွေမှာ စစ်တပ်ရဲ့ လုံခြုံ ရေး အစောင့် အရှောက်အပြည့်နဲ့ ငွေကို ရေလိုသုံး နေထိုင်ခွင့်ရကြ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၆

လောက်ကိုင်ဒေသမှ တရုတ်နိုင်ငံက အလိုရှိနေတဲ့ ကျားဖြန့် လုပ်ငန်းလုပ်ကိုင် သူ တရားခံပြေးတွေ အပါအဝင် ကိုးကန့် သူဌေးတွေက နမ့်စန်လေတပ်နဲ့ တပ်စခန်း တွေမှာ စစ်ကောင်စီရဲ့ လုံခြုံရေး အစောင့်အရှောက် အပြည့်နဲ့ ငွေ ကို ရေလို သုံးနေထိုင်ခွင့်ရနေတယ်လို့ တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါ တယ်။

လောက်ကိုင်ကနေ နမ့်စန်လေတပ်အထိ ရဟတ်ယာဉ်တွေနဲ့ တိုက်ရိုက် ခေါ်ယူ လာတဲ့ ကျားဖြန့် လုပ်ကိုင်သူတွေ၊ ကိုးကန့် ပြည်သူ့စစ်ခေါင်းတွေနဲ့ မိသားစုဝင် တွေ အပါအဝင် ကျားဖြန့် လုပ်ငန်းလုပ်ကိုင်သူတွေဟာ လွန်ခဲ့တဲ့ ၂ လခွဲ လောက် ကတည်းက နမ့်စန်လေတပ်စခန်း အပါအဝင် တပ်စခန်းတွေထဲကို ရောက် ရှိ ပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။

လောက်ကိုင် ကျားဖြန့် လုပ်ကိုင်သူတွေ၊ ကိုးကန့် ပြည်သူ့စစ် ခေါင်းဆောင် တွေကို စစ်ကောင်စီအစီအစဉ်နဲ့ နမ့်စန်လေတပ်နဲ့ တပ်စခန်းတွေဆီကို ရဟတ်ယာဉ်နဲ့ ခေါ်ယူလာတာဖြစ်ပြီး သူတို့အားလုံးက သူတို့ ဆန္ဒအရ ပြင်ပ မထွက်ကြဘဲ တပ် အရာရှိရိပ်သာတွေနဲ့ တပ်ရဲ့ အဆောက်အအုံတွေမှာ စစ်တပ် က နေရာချထားပေးတယ်လို့ သိရပါတယ်။

သူတို့ လိုအပ်တဲ့ ပစ္စည်းတွေကို တပ်မိသားဝင်တွေကို ပြင်ပ ထွက် ဝယ်ယူ ခိုင်းပြီး အဲဒီလို ဝယ်ယူခိုင်းရာမှာလည်း လိုအပ်တဲ့ ငွေကို အတိုင်းအဆမရှိ ရေလိုသုံးပြီး ပေါပေါများများ ပေးကမ်းသုံးစွဲကြတယ်လို့ သိရပါတယ်။

“နမ့်စန်လေတပ်နဲ့ တပ်စခန်းတွေမှာ ကျားဖျန့်ကလူတွေရောက်နေတယ်။ လောက်ကိုင်က ရောက်လာတာ။ တပ်က ခေါ်လာတာ တရုတ် က လိုချင် နေတဲ့ တရားခံပြေးတွေကို လုံခြုံရေးအပြည့်နဲ့ တပ်ထဲမှာထားတယ်။ သူတို့ကို တရုတ် ပြည်ပို့ ရင် အသတ်ခံရမှာလို့တပ်မိသားစုတွေကို သူတို့က ပြောတယ်။ ငွေက တော့ ပေါသလားမမေးနဲ့ ။ တပ်မိသားစုတွေကို သူတို့လိုချင်တာ တွေ ဝယ်ခိုင်း တယ်။ တပ်မိသားစုတွေက စျေးရောင်းသလို ရောင်းဝယ်ပေး တာ။ ဘာလေးပဲ ဝယ်ခိုင်းခိုင်း ငွေကိုအထပ်လိုက်ပေးတယ်။ ငွေကို ရေလိုသုံးတာ” လို့ တပ် သတင်းရင်းမြစ်က ပြောပါတယ်။

လတ်တလော လောက်ကိုင်မှ ကျားဖြန့် လုပ်ကိုင်သူတွေကို နမ့်စန်လေတပ်၊ ထောက်ပို့ရေးတပ် ၉၃၁ ၊ ခမရ ၂၄၇ တပ်တွေမှာ ဖြန့်ခွဲထားတယ်လို့ သိရပါ တယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ တရုတ်နိုင်ငံ LiaoNingပြည်နယ် DaLian မြို့မှ သက်ဆိုင်ရာတရားစီရင်ရေးရုံးက ကိုးကန့်ရုပ်သေးအဖွဲ့ဖြစ်တဲ့ ဦးပယ် ဆောက်ချိန်အပါဝင် ၁၀ ဦးကို ဆိုင်ဘာမှုခင်းတွေနဲ့ အခြားပြစ်မှုတွေကို ကျူး လွန် တာကြောင့် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ဖမ်း၀ရမ်းထုတ်ဆင့်သူတွေကတော့

၁။ ဦးပယ်ဆောက်ချိန်

၂။ ပယ်ရင့်ချန်(ခ)လီယွင်ချိန် (ဦးပယ်ဆောက်ချိန်၏သား)

၃။ ပယ်ရင့်လန်(ခ)လီမုန့်န (ဦးပယ်ဆောက်ချိန်၏သမီး)

၄။ ဦးဝိဟိုင်ရိန်(ခ)ဦးဝိစိုင်း

၅။ ဝိယုံ(ခ)ချိန်ယုံ (ဦးဝိစိုင်း၏တူမ)

၆။ ဝိချင်ရှုံး(ခ)ရန်ရှုံး (ဦးဝိစိုင်း၏သား)

၇။ ဦးလျှိုကျိမ့်ရှန်

၈။ လျှိုကျီကွမ်(ခ)လီဟွာကွမ် (ဦးလျှိုကျိမ့်ရှန်၏သား)

၉။ လျှိုကျိမ့်မောက်

၁၀။ ရွှီလောက်ဖာ(ခ)ရွှီဖာချီ တို့ဖြစ်ပါတယ်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article