ရန်ကုန်၊ ဇန်နဝါရီ ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့လယ်ခေါင် လူစည်းကားရာနေရာတွင် အကြမ်းဖက်စစ်အုပ်စု၏ မတရားအာဏာလုယူမှု ၃ နှစ်ပြည့် အကြိုလှုပ်ရှားမှုတစ်ရပ်အဖြစ် “နှစ်သစ်ရောက်လည်း ထောက်ပို့ကာ အမြဲ ဖက်ဆစ်ကိုလည်း ဖြိုမှာပဲ” စာသားပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြသည်။။
အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ပြီး မကြာမီ အကြမ်း ဖက် စစ်အုပ်စုနှင့် အပေါင်းအပါများ ရောက်လာပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း ရဲဘော်များအနေဖြင့် ဘေးကင်းလုံခြုံသောနေရာသို့ ပြန်လည်ရောက်ရှိကြောင်း သိရှိရသည်။
ယခုလှုပ်ရှားမှုကို ကျိုက်ထိုမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (KBESU) နှင့် Kyaikhto Generation Z (KGZ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KBESU #KyaikhtoGenerationZ
![](https://yktnews.com/wp-content/uploads/2024/01/424553798_742720834622192_7241615231817931729_n.jpg)
![](https://yktnews.com/wp-content/uploads/2024/01/424557269_742720871288855_3766255048720508277_n.jpg)
![](https://yktnews.com/wp-content/uploads/2024/01/424550018_742720907955518_3378665792668623511_n.jpg)