25 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေး ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးဒဏ်ရာရပြီး စစ်တပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ ၁ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်နှင့် မူးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ၁၈ နှစ်အောက် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့အရပ် သားပြည်သူ ၃ ဦး ထိခိုက် ဒဏ် ရာ ရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ ထောင်ထားသော မိုင်းကို နင်းမိသဖြင့် အမျိုးသမီး ၁ ဦး ခြေထောက် ဖြတ်ခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၇ ရက် ည ၉ နာရီခန့်က ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းတာဖြတ်တွင် နေထိုင်သော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၂၀ မှ ဆုံကုန်းကျေးရွာအတွင်းသို့ ၈၁ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ ဆုံကုန်းကျေးရွာ ကျေးလက် ကျန်းမာရေးဆေးခန်းကို ထိမှန် ပေါက်ကွဲကာ ဆေးပေးခန်းပျက်စီးခဲ့ပြီး ဆေးဆရာမ ဒေါ်သဉ္စာနွယ်၏ လသားအရွယ် ကလေးငယ်ကို လက်နက်ကြီး ကျည်စ ထိမှန်ကာ ကလေးငယ်၏ ညာလက်နှစ်ချောင်း ပျက်စီးခဲ့ရသည့်အပြင် ဆေး ပေးခန်း အနီးရှိ ဦးအေးစိုး ၏ အသက် ၁၄ နှစ်အရွယ် သမီး မမိုးသီသီးစန်း တွင်လည်း ဘယ်ခြေ ထောက် ကျည်စထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင့် ဇန်နဝါရီလ ၂၇ ရက် ည ၉ နာရီအချိန်တွင် ခမရ-၂၀ တပ်ရင်းသည် ကားပေါ်တွင် ၁၂၀ မမ လက်နက်ကြီး တပ်ဆင်ပြီး ကောက်ကွေ့ရွာမှ ကောက်မဲ့သူကျေးရွာအတွင်းသို့ လက်နက်ကြီး ၃ လုံး၊ ညောင်လေးပင် အခြေစိုက် ခမရ−၂၀ မှ ဂွေးကုန်းကျေးရွာအတွင်းသို့ ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂၇ ရက် ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် ရွှေဝါတပ်ရင်း ခမရ-၃၀၇ မှ ၁၂၀ မမ လက်နက်ကြီး ၁၂၀ မမ လက်နက်ကြီးဖြင့် ရွာသစ်ရွာဘုန်းကြီးကျောင်းအတွင်းသို့ ပစ်ခတ်ခဲ့ရာ အ သက် ၁၆ နှစ်အရွယ် မောင်ကျော်သူစိုး၏ ညာဘက်လက်မောင်းကို လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၇ ရက် နံနက် ၆ နာရီခန့်က ကေအဲန်ယူ−မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်း ရှိ ခမရ – ၅၉၉ တပ်စွဲသည့် တုံးတောစခန်းအနီးတွင် ထောင်ထားသည့် မိုင်းကို နင်းမိပြီး ခုံမြောင်ကျေးရွာသူ အသက် ၂၁ နှစ်အရွယ် မမျိုးသူဇာ၏ ညာဘက်ခြေထောက်ဖြတ်ခဲ့ရကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article