25 C
Yangon

ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး ၁၁ ရက်ကြာနေထိုင်မည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရုရှားနိုင်ငံ စစ်ဘက်ဆိုင်ရာ နည်းပညာပူးပေါင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံတွင် ရောက်ရှိနေပြီး ၁၁ ရက်ကြာနေထိုင်မည်ဖြစ်ကြောင်း နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရုရှားနိုင်ငံ၊ Federal Service of Military-Technical Cooperationမှ ညွှန်ကြားရေးမှူး Mr. Dmitry SHUGAEV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် လေယာဉ်အမှတ် RA-89007 ၊ Sukhoi Superjet 100-95 B လေယာဉ်ဖြင့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာကြောင်း၊ အဆိုပါ စစ်တပ်မှ အဖွဲ့သည် ရန်ကုန်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ နေထိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ခရီးစဉ်တွင် မြန်မာစစ်တပ်နှင့် စစ်လက်နက်ဆိုင်ရာ ကိစ္စများ၊ စစ်ဘက်ဆိုင်ရာ နည်းပညာကိစ္စများကို ပူးပေါင်းရန် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #FederalServiceofMilitaryTechnicalCooperation

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article