25 C
Yangon

ကန့်ဘလူမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၅ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာ ၅ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်းတွင် ကန့်ဘလူ ၆၀၀၆ တပ်ရင်း မှ ၁၂ ဘီးကား ၂ စီးဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားနှင့် ပျူစောထီး အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ည ၉ နာရီခန့်တွင် ဇီးကုန်း အထက ကျောင်းကို ရောက်ရှိလာပြီး တစ်ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက် စစ်ကြောင်းထိုး ထွက်ခွာလာပြီး သပြေသာကျေးရွာကို ဝင်ရောက်စီးနင်းကာ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် ကျောင်းကုန်း၊ မင်းဘာ၊ လက်ထုပ်ကုန်း၊ သရက်ကံကြီးနှင့် ညောင်ကိုင်း ကျေးရွာတို့မှ ပြည်သူများ ဘေးလွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

” သပြေသာရွာကတော့ စစ်ကြောင်းရွာဝင်လာမှသိတာမို့ မရှောင်လိုက်ရဘူး။ ပြည်သူတွေ ဖမ်းခံရတာတော့ မကြားသေးဘူး။ အခုထိ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ အနီးအနားက ရွာတွေကို ပတ်ပစ်နေတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article