25 C
Yangon

ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ များပြားခဲ့ကြောင်း ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုစစ်ပိုင်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ မင်းရွာကို ရိက္ခာလာပို့သည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုးကွဲသုသာန် အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက စတင်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ဒရုန်း များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိနာ၍ ထွက်ပြေးသွားကာ တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ တိုက်ခိုက်သောကြောင့် ငတယော နှင် ရေယျှားရွာကြားတွင် ဒုတိယအကြိမ် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မျက်မြင် ၄၀ မမ စာမိသွားတာ။ ၃ ကောင်ကတော့ သေချာတယ်။ ဒရုန်းတွေရော ပါတယ်ခင်ဗျာ။ မြေပြင်ရော ဝေဟင်ပါ ပေါင်းတိုက်တာပါ။ ထွက်ပြေးတာ ထမ်းစင်တွေရော မြင်နေရပါတယ်။ မျက်မြင်ပါ” ဟု ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံ ကိုစစ်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ်နှင့်အတူ မြင်းခြံခရိုင်တပ်ရင်း ၃ ၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၂ ရဲဘော်ညီနောင်၊ ပခုက္ကူခရိုင်တပ်ရင်း ၁၀ ၊ ရေစကြို ပလဖ ၊ CDSOM နှင့် မဟာမိတ်ညီနောင်များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #CDSOM

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article