25 C
Yangon

မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာနေ မိသားစုဝင် အမျိုးသမီး ၄ ဦးကို စစ်တပ်လက်အောက်ခံ ပျူစောထီးများက ဝင်ရောက် ဖမ်းဆီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွင်းဘို့ကျေးရွာနေ မိသားစုဝင် အမျိုးသမီး ၄ ဦးကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ကြောင်း ဒေါင်း မင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၈ ရက် ၁၀ နာရီခန့်က မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပေါ်ရှိ တူရွင်းဘို့ ကျေးရွာ နေ အသက် ၆၀ အရွယ် ဒေါ်ညွန့်မေ၊ အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်း ၊ အသက် ၂၈ နှစ်အ ရွယ် မဇင်မာတင် နှင့် အသက် ၂၅ နှစ်အရွယ် မအိမေဂျာတို့ကို လယ်ဂိတ်ရွာမှ ပျူစောထီးများနှင့် ကျောက်ကန်ကျေးရွာမှ ပျူစောထီးများ ပူးပေါင်းအဖွဲ့က နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးခေါ် ဆောင်သွားပြီး သတ်ဖြတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူ ၄ ယောက်က အကြောင်းမဲ့အသတ်ခံလိုက်ရတာ၊ ပျူအဖွဲ့တွေက သတ်သွားတာ၊ ကျောက် ကန်ပျူရွာနဲ့ ဆိုရင် တစ်ရွာပဲခြားတာ၊ နီးတယ်၊ ကျောက်ကန်က ပျူတွေရ တယ်၊ လယ်ဂိတ်က ပျူ ရယ် ပူးပေါင်းပြီးသတ်သွားတာ၊ လယ်ဂိတ်ကနေလည်း တူရွှင်းဘို့ကို လာမယ်ဆိုရင် တစ်ရွာပဲခြား တယ်၊ ကျောက်ကန်ပျူရွာကနေ တူရွှင်းဘို့ကိုသွားမယ်ဆိုလည်း တစ်ရွာပဲခြား၊ ကျောက်ကန် ဆိုတဲ့ ရွာနဲ့ လယ်ဂိတ်ဆိုတဲ့ရွာနှစ်ရွာက ပျူရွာတွေ၊ ပျူတွေအများဆုံး ရှိတဲ့ကျေးရွာတွေပေါ့၊ နေအိမ်ထဲ အထိ ဝင်ဖမ်းခေါ်ထုတ်ပြီး လေးယောက်လုံးကို သတ်ထားခဲ့တာ၊ သတ်တာက ညပိုင်းသတ်သွား တာ၊ မနက်ပိုင်းကျမှ အလောင်းတွေတွေ့တာ၊ ဒီဘက်မှာတွေက ပျူအုပ်စုတွေက ရမ်းရမ်းကားကားနဲ့ အပြစ်မဲ့ ပြည်သူတွေကို လိုက်သတ်နေကြပဲ၊” ဒေါင်းမင်းတမန်အထူးပြောက်ကျား တပ်ဖွဲ့ခေါင်း ဆောင် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ သတ်ဖြတ်ခံထားရသည့်အလောင်းများကို ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းတွင် မြင်းခြံမြို့နယ်၊ ဓူဝံရွာလမ်းခွဲအနီး၌ ပြန်လည်တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် သေဆုံးသူများ၏ ဆွေမျိုးများကို ထပ်မံ သတ်ဖြတ်မည် စိုးရိမ်ရသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ကူညီကယ်ထုတ်ကာ လွတ်‌ မြောက်ရာနေရာသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article