30 C
Yangon

လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်၊ စစ်တပ်က လောင်းလုံးမြို့ပေါ်တွင် အင်အား ဖြည့်တင်းနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်မှ ၇ နာရီ ၃၀ မိနစ်ထိ လောင်းလုံးမြို့နယ်၊ မောင်းမကန် ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှလည်း စစ်င်္ဘောများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း လောင်းလုံးမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော လောင်းလုံးမြို့မရဲစခန်း၊ စစ်ဘက်ရေးရာလုံခြုံရေးရုံးနှင့် လဝကရုံး တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ပြီးနောက် ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က လောင်းလုံးမြို့နယ်ပေါ်တွင် လူအင်အား ထပ်မံ ဖြည့်တင်းလျက်ရှိကြောင်း သိရှိရသည်။

“ဒီနေ့ မနက် မောင်းမကန်စခန်းကို ဆက်လက်တိုက်ထားတယ်။ အသေးစိတ်ကို ကျွန်တော်တို့ ထုတ်ပြန်ဖို့ လုပ်ဆောင်နေတယ်။ ဒီနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ကနေ ၇ နာရီ ၃၀ မိနစ် အထိ ၁ နာရီကြာ မောင်းမကန်ရဲစခန်းမှ တိုက်ပွဲဖြစ်ခဲ့တာပါ။ ထုံးစံအတိုင်းပဲ တိုက်ပွဲဖြစ်နေတဲ့ အချိန် ရေကြောင်းကနေ စစ်သင်္ဘောတွေက စစ်ကူတော့တာပဲ လောင်းလုံးမြို့ပေါ်မှာတော့ စစ်ခွေးတွေ ထပ်ပြီး အင်အားဖြည့်တင်းနေတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ထားဝယ်-မောင်းမကန် လမ်းပိုင်း တစ်လျောက်၌ နေရာယူထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article