ရန်ကုန်၊ ဇန်နဝါရီ ၃၁
မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် လက်နက်ကိုင်ဆောင်ထားသော ပျူစောထီး ၁ ဦးကို ဘီယာဆိုင် ထိုင်နေစဥ် အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးသွားကြောင်း The Red Revolters – Pakokku အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ဇန်နဝါရီလ ၃၀ ရက် ညနေ ၅ နာရီ မိနစ် ၄၀ ခန့်က ပခုက္ကူမြို့ပေါ်ရှိ ဘီယာဆိုင်တစ်ဆိုင်၌ လက်အောက်ငယ်သားများနှင့်အတူ ဘီယာသောက်နေသော ပျူစောထီး ငထူးကို တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ရာ နားထင်၌ သေနတ်ဒဏ်ရာရရှိပြီး ည ၇ နာရီ မိနစ် ၃၀ အချိန်တွင် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ပျူစောထီး ငထူးသည် လက်နက်ကိုင်ဆောင်ထားကာ နောက်လိုက် ပျူစောထီးများနှင့် ပခုက္ကူမြို့ပေါ်ရှိ ဖမ်းဆီးရိုက်နှက်နှိပ်စက်ခြင်း၊ လုယက်ခြင်း ၊ ဓားပြတိုက်ခြင်း၊ တော်လှန်ရေး တပ်ဖွဲ့ ဝင်များနှ့င် ဆက်နွှယ်သော မိသားစုဝင်များကို ဖမ်းဆီးနှိပ် စက်ခြင်း၊ နေအိမ်များကို ချိတ်ပိတ်ခြင်းတို့ လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်းကြောင်း The Red Revolters – Pakokku အဖွဲ့မှ ထုတ်ပြန်ထားသည်။
“သူ့နောက်လိုက်တွေနဲ့ ဘီယာသောက်နေကြတာ၊ သူ့နောက်လိုက်တွေက တပ်စိပ်တစ်စိပ်စာ လောက်ရှိတယ်၊ အပြန်အလှန်ပစ်ခတ်မှုမဖြစ်ခဲ့ပါဘူး၊ ကျန်တဲ့သူတွေကို မှောက်ခိုင်းထားပြီး အမြန် လှုပ်ရှားခဲ့ရတာ၊ လက်နက်တော့ မရခဲ့ဘူး၊” ဟု The Red Revolters – Pakokku အဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို The Red Revolters – Pakokku အဖွဲ့မှ အချိန်ယူ၍ ကြိုတင်ပြင်ဆင်ကာ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
The Red Revolters အဖွဲ့အနေဖြင့် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်များကို ဖျက်ဆီး နှောက် ယှက်နေသော စစ်ကောင်စီ လက်အောက်ခံများကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။ဒ
အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ပျော်ဘွယ်မြိုနယ်၊ ပျော်ဘွယ်-နတ်မောက်သွားကားလမ်း၊ မိုင်တိုင်အမှတ် ၂၂/၃၊ တောင်ညောင်ကုန်းကျေးရွာနေသူ ကြံ့ဖွတ် ပါတီဝင် တင်မိုးအောင်ကို ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ထို့အတူ ဇန်နဝါရီလ ၃၀ ရက်နေ့ မန္တလေးတိုင်း ချမ်း မြသာစည်မြိုနယ်၊ မြိုသစ် ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှုးရုံးတွင် ရာအိမ်မှူး စည်သူဝင်း သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

