25 C
Yangon

မတ္တရာမြို့ထွေအုပ်ရုံး၊ EPC ရုံးနှင့် စစ်တပ် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ EPC ရုံးနှင့် စစ်တပ် စစ်ကြောင်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း မြနန္ဒာစစ်ဆင် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် နံနက် ၅ နာရီခွဲခန့် အင်အား ၂၀၀ ခန့်ဖြင့် မတ္တရာမြို့နယ်၊ စကျင် တောင်ဘက်မှ မြွေကြည်ကုန်း၊ မြွေရွှေဂဲရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင် စီတပ်သားများကို နံနက် ၈ နာရီအချိန်တွင် ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

ထို့နောက် မွန်းလွဲ ၁၂ နာရီခန့်တွင် စကျင်ရွာ၌ အထိုင်ချရပ်နားထားစဉ် ဒရဒန်းဖြင့် ဗုံးသီး ၃ လုံး ထပ်မံကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အလားတူ ညနေ ၄ နာရီခန့်တွင် မတ္တရာမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားရာ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ EPC ရုံးတို့ကို ဗုံးသီး ၂ လုံး၊ ညနေ ၄ နာရီ ၁၀ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၆၀ ခန့်ဖြင့် တပ်စွဲထားရာ ပန်းယျရွာရှိ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုကတော့ ရှိနိုင်တယ်၊ သူတို့အထိုင်ချတဲ့နေရာကို ဗုံးသီးချတာ၊ မြေကြည်ကုန်းနဲ့ စကျင်ရွာကို မီးရှို့သွားတယ်၊ အခုထိ စစ်ကြောင်းက မတ္တရာမြို့နယ်ထဲမှာ လှည့်ပတ်နေတုန်းပါ” ဟု မြနန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုများ အတွင်း စစ်တပ်စစ်ကြောင်းအား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်သော်လည်း အတိအကျ မသိရသေးကြောင်း၊ ထွေအုပ်ရုံးတွင် စကစတပ်သား ၂ ဦး၊ EPC ရုံးတွင် NON CDM ဝန်ထမ်းတဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြနန္ဒာ Drone တပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် Drone အဖွဲ့နှင့် မတ္တရာမြို့နယ် (ပကဖ) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article