25 C
Yangon

မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာနေရာများနှင့် ကန်နီပျူစောထီးကျေးရွာကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာများကို ရှော့ တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း MPL People Defense Force ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နံနက် ၈ နာရီ မိနစ် ၄၀ ခန့်က စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်ကို ပြင်း ပြင်းထန်ထန် ဆန့်ကျင်သော အားဖြင့် မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ နေရာ များကို ရော့ကတ်များ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေ ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို MPL တိုက်နယ် ၄ ပကဖ၊ ပခုက္ကူခရိုင်တပ်ရင်း- ၆ MVRF၊ အညာဒေါင်း၊ သိန်းငှက်နီ၊ အညာမုန်တိုင်း၊ Gen-21၊ Mying Fighter ၊ Eagle Brigade ၊ ဦးလေးကြီး ၊ အမေ့သား ၊ ထိရှ ၊ မိုင်းတစ်ထောင် ဗိုလ်ပြောင် ၊ ဂိတ်ဆုံး ၊ နှလုံးလှလူမိုက် ၊ ဒေါင်းလံလွှင့်မည့် စေတမာန် နှင့် ဗိုလ်မိုးသီး အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း N -YSO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နံနက် ၁၀ နာရီခန့်က စစ်အာဏာသိမ်းခြင်း ၃ နှစ်ပြည့်ကို ဆန့်ကျင် သည့် အနေဖြင့် မြိုင်မြို့နယ်၊ ကန်နီပျူရွာကို တော်လှန်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက မြေပြင်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် တိုက်ခိုက်ခဲ့ပြီး N -YSO ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် Fixed Wing Drone များဖြင့် ဗုံးသီး ၉ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ၊ အပြန်အလှန် ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်၊ ခွေး သေထိခိုက်ပျက်စီးမှုကတော့ တိတိကျကျ မပြောတတ်ဘူး၊ နေအိမ်မီးလောင်တာတွေရှိပါတယ်၊ မီးငြှိမ်းတာတောင် ကောင်းကောင်းမငြိမ်းနိုင်ဘူး၊” ဟု N -YSO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article