25 C
Yangon

မကွေးမြို့နယ်ရှိ ခလရ ၈၃ တပ်ရင်းကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်၊ မြင်းခြံမြို့နယ်တွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မကွေးတိုင်း၊ မကွေးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၈၃ တပ်ရင်းကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်သုံး ဆီဘောက်ဆာကားများနှင့် ရိက္ခာကားများ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသော မကွေးမြို့တပ်မ ၈၈ လက်အောက်ခံ မိကျောင်းရဲတိုက်နယ်ရှိ အမှတ် ၈၃ ခြေလျင်တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မကွေးပြောက်ကျားတပ်ဖွဲ့၊ တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ (နတ်မောက်)၊ Yaw Defense Force (YDF)၊ မကွေးမြို့နယ် ပကဖ တို့က ပူပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ သင်ပြွန်းလမ်းခွဲ အနီးတဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပုန်းဝပ်ပြီး ကားများကိုတား၍ စစ်ဆေးနေစဥ် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article