25 C
Yangon

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင်း အကြမ်းဖက်စစ်ကောင်စီ၏ ကား တစ်စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီခန့်က မြင်းခြံဘက်မှ နွားထိုးကြီးမြို့သို့ လာရောက် သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ လိုက်ပါလာသော ကန်တာ ကားတစ်စီးကို နွားထိုး ကြီး မြို့နယ်၊ ကန်ရွာနှင့် ကန်နှောင်းရွာအကြားအရောက် ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ ရာ ကားတစ်စီးကို တည့်တည့်ထိမှန်ပြီး ကားပေါ် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။

“ခွေး ၂ ကောင်သေတယ်၊ ကားက သာယာကုန်းကျေးရွာနားမှာ ၁၅ မိနစ်လောက် ရပ်ထားပြီး လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်း ရမ်းသမ်းပစ်ခတ်သွားသေးတယ်၊ နွားထိုးကြီး ဆက်မသွားတော့ပဲ မြင်းခြံဘက်ကို လှည့်ပြန်သွားတာ” ဟု Myingyan Black Tiger -MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်း- ၉) နှင့်အတူ MDY-PDF (မန္တလေးခရိုင်ရင်း- ၃) တို့ ပူးပေါင်းလုပ် ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article