25 C
Yangon

ရေဖြူမြို့နယ်ရှိ စစ်တပ်၏ ခမရ ၄၁၀ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး – ထားဝယ် လမ်းပိုင်း ကလိန်အောင်မြို့နှင့် ကျောက်ရှပ်ကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၁၀ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ရေး-ထားဝယ် လမ်းပိုင်း ကလိန်အောင် မြို့နှင့် ကျောက်ရှပ် ကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၁၀ တပ်ရင်း အတွင်းကို SFZ Drone ဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးခန့် ထိခိုက် ဒဏ်ရာရရှိကာ တပ်ရင်းအတွင်းရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်များဖြင့် ဒရုန်းများကို ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့်လည်း ၁၅ ကြိမ် ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အနီးအနား ကျေးရွာများရှိ ခြံဝင်း အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄) ၏ ဒရုန်းတပ်ဖွဲ့ နှင့် Dawei Defense Team (DDT တပ်ခွဲ-၃) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article