25 C
Yangon

ဘုတလင် ကူတော်ရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး ၊ ဝက်လက်၊ ရွာသာကြီးကျေးရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၈ နာရီကျော်အချိန် ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

“ညတိုက်ပွဲဖြစ်တာဆိုတာ့ အခက်အခဲတွေတော့ရှိတာ ပေါ့ဗျာ။ ရှိလည်း မတက်နိုင်ဘူး လေယာဉ်ရန်ကနေဝေးရင် ပြီးရော တိုက်ရတာ။ တိုက်ပွဲအတွင်း စစ်ခွေး၂ကောင်သေတယ်။ကျွန်တော်တို့ဘက်က ၁ ဦး ကျပြီး ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်” ဟု ဘုတလင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာရှိ စ်စတပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့ကြောင်း ကျားညီနောင် LPDF တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၈ နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၌ အထိုင် ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများအနက် ဘန်ကာစောင့်နေသော အကြမ်းဖက်စစ်ကောင် စီတပ်သား ၁၅ ဦး ခန့်ကို လေးလက် ဒရုန်းဖြင့်၊ Fixed Wings လေယာဉ်တို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတည်အကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဘန်ကာစောင့်နေတဲ့ စစ်ခွေးတွေကို လေးလက်ဒရုန်း၊ Fixed Wings ရောပါတယ်ပေါ့ဗျာ၊ ခွေးထိ ခိုက်မှုမရှိတယ်ဗျ၊ ဘာလို့ထိခိုက်မှုရှိလဲဆိုတော့ ခွေးတွေက ဆဲဆိုပြီးတော့ ကျနော်တို့အဖွဲ့အစည်း တွေကို စိန်ခေါ်နေတယ်၊ နောက်ပြီးတော့ ကျနော်တို့ရှိတဲ့တောင်ဘက်ဖျားကို ၂၀ လောက်ကင်း ထွက်လာတယ်၊” ဟု ကျားညီနောင် LPDF တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျားညီနောင် – Tiger Brother LPDF တပ်ဖွဲ့၊ Buffalo Soldiers Freedom Force ၊ Northern Tigers Group (NTG) ၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Farmer Heroes (Khin U) ၊ Magic Dragon ၊ တွေ့မရှောင်၊ NDRF နှင့် ရွာသာကြီးတိုက်နယ်ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article