25 C
Yangon

ပေါက်ခေါင်း၊ တောင်လတ်ကြီးကျေးရွာ၏ ပျူစောထီးခေါင်းဆောင် ငမြ နှင့် မင်းလှမြို့နယ်မှ ပျူစောထီး ရှိုင်းလင်းအောင်တို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊တောင်လတ်ကြီးကျေးရွာနေ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ငမြကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း – ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီအချိန်တွင် တောင်လတ်ကြီးကျေးရွာရှိ ငမြ၏ နေအိမ်သို့ သွားရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၊ ပျူစောထီးခေါင်းဆောင် ငမြသည် ပြည်သူ့စစ်အမည်ခံ ပျူစောထီးဖွဲ့စည်းရန်အတွက် ဦးဆောင်လုပ်ကိုင်ခြင်း၊တောင်လက်ကြီးကျေးရွာတွင် ဒကစမှူးလာရောက်အထိုင်ချတပ်ဆွဲစဉ် အနီးကပ်သတင်းပေးခြင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထောင်ထားသောမိုင်းကွင်းနေရာများကို ပြသခြင်း၊ မိုင်းများကိုဖြုတ်ယူပြီး အကြမ်းဖက် စစ်တပ်ကို အပ်နှံခြင်း၊လောင်ကစားဝိုင်းထောင်ပြီးလိုင်းကြေးကောက်ကာ အကြမ်းဖက် စစ်တပ်ထံ ပေးပိုထောက်ပံ့ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၏ သတင်းအချက်လက်များကိုထောက်လှမ်းကာ အကြမ်းဖက် စစ်တပ်ထံမျက်နှာလိုမျက်နှာရသတင်းပေးပို့နေခြင်းများ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။

ငမြကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၁)နှင့်ပေါက်ခေါင်းမြို့နယ်(ပကဖ)တို့က အတူပူးပေါင်း၍ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေးအဖွဲ့များ အနေနှင့် ငမြ အလိုကျ ဆောင်ရွက်ပေးနေသည့် ငမြ တပည့် ပျူစောထီး ၅ ဦး၏ အမည်နှင့် နေရပ်လိပ်စာ၊ သတင်းအချက်အလက်များကို ရရှိထားပြီး ဖြစ်၍ ၎င်းတို့အနေနှင့် အကြမ်းဖက်စစ်တပ်အလိုကျဆက်လက်လုပ်ဆောင်နေပါက ငမြကဲ့သို့ ပြတ်ပြတ်သားသားရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း – ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့် -မြိုချောင်းရိုးမဖြတ်ကျော်လမ်း ခါချဉ် တောင်အနီးတွင် ပျူစောထီး ရှိုင်းလင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွား ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က မင်းလှမြို့နယ်၊ ပက်တန်းအုပ်စု၊ မုက္ခာကျေးရွာက ပျူစောထီး ရှိင်းလင်းအောင်သည် စိန်ကန့်လန့်−မြိုချောင်း ရိုးမဖြတ်ကျော်လမ်း ခါ ချဥ်တောင်အနီးသို့ ဆိုင်ကယ်စီးလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း၊ ၄င်းထံမှ ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၀၀၀ ကျပ်နှင့် မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပျူစောထီး ရှိင်းလင်းအောင်သည် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ စိုက်ပျိုး ထားသည့် သီးနှံများနှင့် နေအိမ်များကို စစ်ကောင်စီတပ်သားများနှင့်ပေါင်းကာ မတရားဖျက်ဆီး ရယူခြင်း၊ စစ်ကောင်စီတပ်သားများကို ရိက္ခာထောက်ပံ့ပေးခြင်း၊ စစ်ကောင်စီတပ်သားများ ရိုးမပေါ် သွားလာရေးအတွတ် ကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးခြင်း တို့လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်း လင်းရခြင်းဖြစ်ကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ်(ခေါ်) ပျူစောထီးတပ်ဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article