25 C
Yangon

AA က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နှင့် ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးခွဲ

Must read

ရန်ကုန်| ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် ရန်ကုန်- စစ်တွေ ကားလမ်းမရှိ ကစ္ဆပနဒီတံတားကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ဂျက်တိုက်လေယာဉ် တစ်စီးနှင့် လာရောက်ဗုံးကြဲခဲ့ကြောင်း ကျောက်တော် ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်ခန့် အချိန်တွင် စစ်ကောင်စီက ကျောက်တော်မြို့ကို ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲသလို ကစ္ဆပနဒီတံတားကိုလည်း ဗုံးကြဲခဲ့ကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောဆိုသည်။

“ကျောက်တော်က ပိုက်သည်ရပ်ကွက် (မွတ်ဆလင်) ရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးကြဲခဲတယ်။ မီးတော်တော် လောင်နေတယ်။ ပြီးတော့ ရန်ကုန်- စစ်တွေ ကားလမ်းမရှိတဲ့ ကျောက်တော် ကစ္ဆပနဒီတံတားကို ဗုံးကြဲခဲ့တယ်။ လူသွားတဲ့ လမ်း တော်တော်ကို ပျက်စီးသွားတယ်”ဟုပြောသည်။

ရက္ခိုင့်တပ်တော် AA က ကျောက်တော်မြို့ကို သိမ်းပိုက်ပြီးနောက် ကစ္ဆပနဒီတံတားတွင် AA အလံ ထောင်ထားသည့် နေရာဘက်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်ဒေသခံများက ပြောသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article