25 C
Yangon

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကင်းတဲကို ဒရုန်းဖြင့် ‌ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ကင်းတဲကို ဒရုန်းဖြင့် ‌ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်သားနှင့် ပျူစောထီးများ ပူးပေါင်း တပ်စွဲထားသော ကင်းတဲကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အဲဒီ တိုက်ခိုက်မှုက စစ်ကောင်စီ တပ်ကြပ်ကြီး ၁ ဦး ဝမ်းဗိုက်ပွင့် သေဆုံးပြီး ပျူစောထီး ၁ ဦး တင်ပါးမှာ ဒဏ်ရာရရှိသွားတယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article