25 C
Yangon

မတ္တရာမြို့နယ်တွင် ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့သည့် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်၊ မြိုင်မြို့ နယ်၊ ကန်နီပျူရွာနှင့် စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာကျေးရွာအတွင်း၌ ပြည်သူ ၃ ဦးကို မီးရှို့ပစ်ခတ် သတ်ဖြတ်ပြီး ပြန်ထွက်လာ အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁၁ နာရီ ၁၆ မိနစ်ခန့်က မတ္တရာမြို့နယ်၊ ဆိပ်သာကျေးရွာ အတွင်းသို့ စီးနင်းဝင်ရောက်ပြီး ပြည်သူများကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ပြီး ဖောကား ၃ စီး ဖြင့်ပြန်ထွက်လာသော အကြမ်းဖက်စစ်ကား ၃ စီးကို မတ္တရာမျိုးမှန်တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နောက်ဆုံးကား၏ ညာဘက်ခြမ်းကို ထိမှန်ပြီး ကားပေါ်စီးနင်းလိုက်ပါလာသူ အကြမ်းဖက်စစ်သား များ လဲကျသွားသည်ကို မြင်တွေ့ရကြောင်း သိရသည်။

“စစ်ခွေးတွေက အင်းကုန်းနဲ့ ဆိပ်သာကို မွှေနောက်ပြီးတဲ့နောက် ဖောကား ၃ စီးနဲ့ပဲ ကျောက်တံ တားကို ပြန်ဆုတ်သွားတယ်၊ အခုကျောက်တံတားကနေမှ တဆင့် မတ္တရာဘက်ကို ပြန်သွားပြီလို့ သိရတယ်၊ မိုင်းကွဲတဲ့အချိန်မှာတော့ ကားကမိုင်းကွင်းအပြင်ဘက် မှာရှိတယ်၊ မိုင်းက ကားရဲ့ ညာ ဘက်ခြမ်းကနေ ကွဲတယ်၊ မိုင်းကွဲတဲ့အချိန်မှာတော့ ကားပေါ်က စခအချို့ ကားပေါ်မှာ ပက်လက် လန်လဲကျသွားတာကိုတော့မြင်လိုက်တယ်၊ ထိခိုက်သေဆုံးမှုကတော့ မသိရသေးဘူး။ အခုဝင်းစီးတဲ့ ကားတွေက မတ္တရာကနေ ဖောကား ၃ စီးနဲ့လာရောက်ပြီးတော့ ဝင်စီးသွားတယ်၊ အခုတော့ မတ္တရာ မြို့ ကို ပြန်ရောက်သွားပြီ” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။

မတ္တရာမျိုးမှန်တပ်ဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းချိန်ကတည်းက ယနေ့အချိန်အထိ စစ်ဆင်ရေးပေါင်း ၉၈ ခုကို ဖော်ဆောင်နိုင်ခဲ့ကာ ၎င်းစစ်ဆင်ရေးများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၅၂ ဦး ကျော်ကို သုတ်သင်နိုင်ခဲ့ပြီဖြစ်ကြောင်း အသိပေးထားသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာနှင့် စစ်တပ်စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက် ငယ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မြိုင်မြို့နယ်၊ ကန်နီရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လည်းကောင်း၊ ရေစကြိုမြို့နယ်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို အလယ် ကန်ကျေးရွာနှင့် ကန်ပူးကျေးရွာကြား အရောက်တွင်လည်းကောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကန်နီပျူရွာကိုလည်း ပစ်ခဲ့တယ်၊ ပြီးတော့ ရေစကြိုကနေ တက်လာတဲ့ စစ်ကြောင်းကိုလည်း တိုက်ခဲ့တယ်၊ စစ်ခွေးတွေဘက် သေဆုံးထိခိုက်မှုကတော့ မသိရသေးဘူး၊ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူး၊ ရေစကြိုကနေ တက်လာတဲ့ခွေးစစ်ကြောင်းက ကန်နီကို မဝင်ပဲနဲ့ အနီး အနားက ကျေးရွာတွေကို လှည့်ပတ်စစ်ကြောင်းထိုးနေတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ခွဲ ၂ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article