25 C
Yangon

မတ္တရာမြို့နယ်၊ ဆိပ်သာရွာတွင် အကြမ်းဖက် စစ်တပ် ပြည်သူ အမျိုးသား ၃ ဦးကို မီးရှို့၊ ပစ်ခတ် သတ် ဖြတ်ပြီး နေအိမ် ၅ လုံးကို မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိပ်သာကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြည် သူအမျိုးသား ၃ ဦးကို မီးရှို့ပစ်ခတ်သတ်ဖြတ်ပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မတ္တရာမျိုး မှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် အစောပိုင်း ၂ နာရီခန့်က မတ္တရာမြို့နယ် အရှေ့ခြမ်း၊ ကျောက် တံတားကျေးရွာသို့ မတ္တရာမြို့ပေါ်မှ ဖောကား အကြီး ၃ စီးဖြင့် ဝင်ရောက်လာပြီး ကျောက်တံတား ကျေးရွာ၌ အထိုင်ချထားသော စစ်သားပူးပေါင်းကာ နံနက် ၈ နာရီအချိန်တွင် ဆိပ်သာရွာသို့ အင်အား ၅၀ ခန့်ဖြင့် လည်းကောင်းနှင့် အင်းကုန်းကျေးရွာကို အင်အား ၂၀ ခန့်ဖြင့်လည်း ကောင်း ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ စီးနင်းကာ အင်းကုန်းကျေးရွာမှ ပြည်သူ အမျိုးသား ၂ ဦးကို ဆိပ်သာအတွင်းသို့ ဖမ်းဆီးခေါ် ဆောင်သွားကာ နေအိမ်တစ်လုံးအတွင်းထည့်ပြီး ဓာတ်ဆီးလောင်းမီးရှို့နေစဉ် ရွာသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာကြောင်း၊ ကျန် အင်းကုန်းရွာသား အသက် ၃၅ နှစ်အရွယ် ကိုနှင်းမှာ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခံလိုက်ရကြောင်း၊ ထိုသို့ မီးရှို့မှုကြောင့် နေအိမ် ၅ လုံးမီးလောင်ပြာ ကျခဲ့ ကြောင်း သိရ သည်။

“အခု ဆိပ်သာရွာကို ပြည်သူတွေက ဝင်ရောက်ကြည့်တဲ့အခါကျတော့ နောက်ထပ်အသတ်ခံထားရ တဲ့ အမျိုးသားအလောင်းနှစ်လောင်း ထပ်တွေ့တယ်၊ နောက်ထပ်လည်း ထပ်ရှိနေနိုင်သေးတယ်လို့ တော့ယူဆနေကြတုန်းပဲ၊ လောလောဆယ်အလောင်း ၂ လောင်းတော့ ထပ်တွေ့ထားတယ်၊ တစ် လောင်းကတော့ မျက်နှာကို သေနတ်နဲ့ ကပ်တေ့ပြီး ပစ်သတ်ထားတဲ့အလောင်း၊ နောက်တစ်လောင်း ကတော့ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ဓားဒဏ်ရာ အကြီးကြီးတွေ တွေ့ထားတာတွေ့ရတယ်၊ အရှင်လတ် လတ်မီးရှို့သတ်ဖြတ်ခံရတာ တစ်ယောက်ရှိမယ်၊ အလောင်း ၃ လောင်းပေါ့၊ နောက်ထပ်တွေ့ရတဲ့ အ လောင်း ၂ လောင်းလုံးကတော့ လက်ပြန်ကြိုးတုတ်ထားတာတွေ့ရတယ်၊ ဘယ်သူဘယ်ဝါဆိုတာ တော့တည်ပြုလို့မရသေးဘူး၊ နောက်ထပ် အလောင်း‌ တွေကျန်အုံးမလား၊ နောက်ထပ်ဖမ်းဆီးခံရတဲ့ ပြည်သူတွေရှိအုံးမလား၊ ဖမ်းဆီးခံရပြီးတော့ အသတ်ခံ ရတဲ့ပြည်သူတွေရှိအုံးမလား ဆိုတော့ ဆက် လက်စုံစမ်းနေတုန်းပဲ” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်သားများ ဝင်ရောက်စီးနင်းခဲ့သည့် ဆိပ်သာကျေးရွာနှင့်အင်းကုန်းကျေးရွာသည် ရွာ ချင်းနီးကပ်မှုရှိပြီး အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ကျောက်တံတားကျေးရွာ၏ မြောက် ဘက် ၄ မိုင်ခန့်အကွာ၌ တည်ရှိကြောင်း သိရသည်။

“ဆိပ်သာနဲ့ အင်းကုန်းက နီးတယ်၊ အလွန်ဆုံးဝေးမှ ပေ ၃ ထောင်ကျော်လောက်ပဲဝေးမှာ၊ အင်းကုန်း ရော၊ ဆိပ်သာရောက ကျောက်တံတားရဲ့မြောက်ဘက် ၄ မိုင်အကွာမှာလောက်မှာ ရှိတာ၊ အင်းကုန်း ရွာသား ၂ ဦးကို ဖမ်းပြီး ဆိပ်သာရွာထဲကို ခေါ်သွားတာ၊ အဲဒီရွာသား ၂ ယောက်ကို အိမ်ထဲမှာ ထားခဲ့ ပြီး တော့ အပြင်ကနေ ဓာတ်ဆီလောင်းပြီး မီးရှို့ဖို့လုပ်တဲ့အချိန်မှာ ရွာသားတစ် ယောက်ကတော့ ထွက်ပြေးလာပြီးတော့ လွတ်မြောက်လာတယ်၊ လွတ်လာတဲ့သူနဲ့တော့ တိုက်ရိုက် စကားပြောဆိုခွင့် မရသေးဘူး၊ ရခဲ့ရင်တော့ အချို့အချက်အလက်လေးတွေသိရမှာပေါ့” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article