25 C
Yangon

စစ်မှုထမ်း ဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ရန်ကုန်ထိုင်းသံရုံတွင် ဗီဇာလျှောက် ထားသည့် မြန်မာနိုင်ငံသား ၇၀၀၀ ကျော်ရှိလာ

Must read

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၁

စစ်ကောင်စီ က စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားသည့် မြန်မာနိုင်ငံသား ၇၀၀၀ ကျော်ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရှိရသည်။

မြန်မာစစ်တပ်က စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွင်း မြန်မာနိုင်ငံသား ၇၀၀၀ ကျော်က ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ပြည်ဝင်ခွင့် ဗီဇာလျောက်ထားခဲ့ကြကြောင်း၊
ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာလျောက်ထားသူ အဆမတန်မြင့်တက်များပြားလာသဖြင့် သံရုံးက ဗီဇာထုတ်ပေးရေး လုပ်ငန်းစဥ်များ ပြောင်းလဲသတ်မှတ်ခဲ့ရကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် ထိုင်းသံရုံးက တစ်နေ့ကို လူဦးရေ ၄၀၀ဦးသာ လက်ခံဆောင်ရွက်ပေးနိုင်မည်ဟု ကြေညာခဲ့ရပြီး ဖေဖော်ဝါရီ လ ၂၀ ရက်နေ့တွင် တစ်ရက်လျှင် လူဦးရေ ၈၀၀ အထိ ဗီဇာလျောက်ထားနိုင်ရေး အွန်လိုင်းရက်ချိန်းယူ လျှောက်ထာသည့် စနစ်ကို ပြောင်းလဲခဲ့ရကြောင်း သိရှိရသည်။

လက်ရှိတွင် မတ်လ ၁ ရက်နေ့အထိ ဗီဇာ ရက်ချိန်းတိုကင် ရယူထားသူများ အပြည့်ဖြစ်နေပြီး ဗီဇာလျောက်ထား အရေအတွက် ဆက်လက်မြင့်တက်လာနိုင်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို ဆိုက်ရောက် ဗီဇာဖြင့် ၁၄ ရက် နေထိုင်ခွင့်ပြုထားဆဲဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ထိုင်းသံရုံးတွင် ရက်ကြာမြင့်စွာ နေထိုင်ကြမည့် အလည်အပတ် ဗီဇာလျောက်ထားမှု များပြား နေခြင်းဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ Kanchana Patarachoke ကပြောဆိုသည်။

စစ်ကောင်စီ က အသက် ၁၈ နှစ်က နေ ၃၅ နှစ်အထိ အမျိုးသားများ နှင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ အမျိုးသမီးများ စစ်မှုထမ်းရရန် ခေါ်ယူမည့် ဥပဒေ ကို အသက်သွင်းလိုက်သဖြင့် မြန်မာ လူငယ်များ ထိုင်းနိုင်ငံသို တရားဝင် လာရောက်မှုများရှိသည့်အပြင် အထောက်အထားမရှိဘဲ နယ်စပ်ဖြတ်ကျော်ပြီး ထွက်ပြေးတိမ်းရှောင် လာကြသူများလည်းရှိနေကြောင်း သိရှိရသည်။

လတ်တလောမှာ မြန်မာ နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူ တစ်ရက်လျှင် လူဦးရေ ၇၀၀ နှင့် ၈၀၀ အကြားရှိကြောင်း ထိုင်းလုံခြုံရေးတပ်ဖွဲ၏ စာရင်းများအရ သိရှိရသည်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် ကထိုင်းနိုင်ငံသို တရားမဝင် လမ်း ကြောင်း ဖြင့် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ထုတ်ဖော်ပြောဆိုသော်လည်း ထိုင်း အတိုက်အခံပါတီတစ်ခု ဖြစ်တဲ့ FAIR ပါတီ အမတ် ကန်နာဝီ ဆစ်ဘ်ဆန်ကမူ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားများကို အကူအညီပေးရန် ထိုင်းအစိုးရကို ယမန်နေ့ တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article