37 C
Yangon

မုံရွာမြိုနယ်၊ ညောင်ဖြူပင်ရဲစခန်း၊ တောပုရွာ ပျူစောထီးစခန်းနှင့် မြင်းခြံမြိုနယ်၊ပျူ စောထီးခေါင်း ဆောင်နေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်၊ ညောင်ဖြူပင်ရဲစခန်းနှင့် တောပုရွာပျူစောထီးစခန်းတိုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ Jammer စက်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၄ ရက် ညနေ ၃ နာရီ မိနစ် ၃၀ မှ ၆ နာရီခန့်အထိ ညောင်ဖြူပင်ရဲစခန်းနှင့် တောပု ရွာ ပျူစောထီးစခန်းကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၁၀ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ တောပုရွာ ပျူစောထီးစခန်းအတွင်း တပ်ဆင်ထားသည့် Jammer စက်တစ်လုံးမီးလောင်ပျက်စီးသွားကြောင်း သိရသည်။

“Jammer စက်တင်ထားတဲ့ စင်ပေါ် တည့်တည့်ကျပြီး မီးလောင်သွားတာ၊ ညောင်ဖြူပင်စခန်းက‌ တော့ စုံစမ်းလိုမရသေးဘူး၊ ထိခိုက်သေဆုံးမှုလည်း ရှိနိုင်တယ်၊ စုံစမ်းလိုမရတာ” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံလွင်ဂူးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင် အမှတ် ၃ တပ် ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင် အမှတ် ၇ တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ CHAUK PDF၊ MGN 35 ၊ Golden Eagle ၊ Justice Warrior Forces နှင့် Shinning Stars တပ်ဖွဲတို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြိုနယ်၊ လေးအိမ်တန်းအုပ်စု၊ လက်ပံပင်ရွာ ပျူစောထီး ခေါင်း ဆောင် သင်းသင်းဆွေ၏ အလှူပွဲကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မြင်းခြံမြိုနယ်၊ လေးအိမ်တန်းအုပ်စု၊ လက်ပံပင်ရွာ ပျူစောထီး ခေါင်း ဆောင် သင်းသင်းဆွေ၏ အလှူပွဲကို Myingyan District Drone Strike အမှတ်၁၈၄၈ ဒရုန်းတပ်ဖွဲ၊ Shar Htoo Wawနည်းပညာတပ်ဖွဲ Team -2 ၊ Natogyi People Defense Force မြင်းခြံ ခရိုင်တပ် ရင်း အမှတ် ၄ ၊ မိုရှေဒါယန် ပြောက်ကြားအဖွဲ၊ သွေးသောက် Revolution Force နှင့် အမေ့လက်ရုံး တပ်ဖွဲ ပူးပါင်းပြီး Fix Wings Drone ၅ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article